Unicode
ကိစ္စတွေက အန်းလျန်ကို ဖိအားဖြစ်စေသည်။
စာမေးပွဲက ခေါင်းပေါ်ရောက်နေပြီဖြစ်သော်လည်း လတ်တလောဖြစ်ရပ်တွေကြောင့် အန်းလျန်၏ စာလေ့လာမှုက ရှေ့သို့မချီ။ သူသာ ဘာသာရပ်တွေမှာ ကျရှူံးခဲ့မည်ဆိုလျှင် အကျိုးဆက်က မတွေးရဲစရာမှန်း သူသိသည်။
ဖြစ်ခဲ့သည့်ကိစ္စကြောင့် အန်းလျန်က သူ့အန်တီကို မဆက်သွယ်ရသေးသကဲ့သို့ သူတို့ဘက်ကလည်း အန်းလျန် ကိုမဆက်သွယ်လာသည့်အတွက် အလွန်ပူပန်နေမိသည်။
သူ့နှလုံးသားတစ်နေရာရာမှာတော့ သူ့အဒေါ်တွေက ဤကိစ္စတစ်ခုလုံးကို မရှိခဲ့ဖူးသလိုမေ့သွားပြီး သူ့ကိုအလွတ်ပေးဖို့ မျှော်လင့်နေမိသည်။ သို့သော် သူသာ ဘာသာရပ်တစ်ခုမှာ ရှုံးကြည့် သူတို့ကသေချာပေါက် ဒီအရာတွေကို ပြန်အစဖော်လိ်မ့်မည်။
ဒါကြောင့် အန်းလျန်ပထမဆုံးလုပ်သည့်အရာက သူ့မှာစာလေ့လာဖို့လိုအပ်သည့်အတွက် ဂိမ်းကစားနိုင်တော့မှာမဟုတ်တော့ဟု မုန်တိုင်းကိုပြောရန်ဖြစ်သည်။ ကျေးဇူးတင်ဖို့ကောင်းစွာပဲ မုန်တိုင်းက အလွန်နားလည်မှုရှိပြီး သူ့ကိုလည်းကျန်းမာရေးဂရုစိုက်ဖို့ပြောကာ အလွန်အကျွံမဖြစ်စေနှင့်ဟု ပြောခဲ့သည်။
ယခုနောက်ပိုင်း မုန်တိုင်းက သူ့အပေါ် ဘယ်လောက်တောင်ကြင်နာလိုက်သလဲဆိုတာကို တွေးပြီး အန်းလျန်ပြုံးလိုက်သည်။ သို့သော် သူ စိတ်ဖြောင့်ဖြောင့်မပြုံးပျော်နိုင်။ စာမေးပွဲမတိုင်ခင်လုပ်ရမည့် သူ့အလုပ်ပေါင်းများစွာကို သတိရသွားသောကြောင့်ပင်။
'တကယ်လို့ ငါသာ ကောင်းကောင်းလုပ်မယ်ဆိုရင် ငါ့အဒေါ်လည်း ဒီအဖြစ်တစ်ခုလုံးကို မေ့သွားနိုင်မှာပါ'
အန်းလျန်က နောက်လာမည့်ရက်များအတွက် သူ၏ပလန်ကို
နေ့စဉ် နေ့စဉ်အတွက် ရနိုင်သမျှ မိနစ်အများဆုံးဖြစ်အောင် တွက်ချက်ကာ ဂရုတစိုက် ဆွဲလိုက်သည်။ သူက အချျိန်နှင့်အမျှ ဆောင်ရွက်ဖို့အပြည့်အဝလိုအပ်သည်။ ဤဖြစ်စဉ်အောင်မြင်ဖို့ မလိုအပ်သည့် အချိန်ကြာအောင် စားခြင်း အိပ်ခြင်း......ဂိမ်းကစားခြင်း စသည့် ပြုဖွယ်များကို စွန့်လွှတ်ရပေမည်။
STAI LEGGENDO
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
