Unicode
A little warning နော် ကလေးတို့ 🤤
Ch 42 A risque situation
နှစ်ယောက်သား အဆောင်သို့ရောက်သည့်အခါ နေဝင်ပြီဖြစ်သည်။
အခန်းထဲသို့ဝင်သည်နှင့် ယွိမြောင်၏ သိန်းငှက်မျက်လုံးကို ရှောင်ရန် အန်းလျန် ခေါင်းကိုငုံ့ထား၏။ ယခုအချိန် သူ့မျက်နှာက သပြေသီးမှည့်ရောင်ပေါက်နေမည်မှန်း သိရာ ဘာကြောင့်လဲဟု ယွိမြောင်မေးခွန်းထုတ်လာမှာကို စိုးရိမ်ပါ သည်။
ကံကောင်းထောက်မစွာ ယွိမြောင်၏မျက်လုံးတို့သည် အလိုလိုနေရင်း ကြည်နူးပီတိဖြာနေပုံရသော ကျန်းချန်ကိုသာ ချိန်ရွယ်နေခဲ့သည်။
အချိန်ကို ဖြတ်ခနဲအကြည့်ရောက်သည်တွင် သူ ဒီနေ့ရေချိုးချင်ပါက လူပြုံကျမလာသေးသော ယခုအချိန်သွားသင့်သည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
ဘာဘာညာညာယူပြီး အခန်းမှ အမြန်ထွက်လာခဲ့၏။
သူ့အနောက်တွင် တစ်ယောက်သောသူတော့ လိုက်လာ နေသယောင် အန်းလျန် စိုးစဥ်းခံစားမိသည်။ အများသုံးရေချိုးခန်းထဲဝင်ပြီးသည့်အခါ ကျောင်းသားများ ရှင်းနေသေးသည်ကို သိရမှ သူ သက်မချမိသည်။ အများစုက ညစာနဲ့ အသင်းလှုပ်ရှားမှုများဆီ ရောက်နေလောက်၏။
" ကိုယ် ကျောကိုချေးတွန်းပေးရမလား? "
"အား... "
သူ့ကျောကပ်လျက်မှ အသံသြသြကိုကြားလိုက်ရ၍ အန်းလျန် လန့်ပြီးခုန်လိုက်မိသည်။
ဘယ်သူဘယ်ဝါမှန်း လှည့်ကြည့်နေစရာကို မလိုတော့ပါ။
"ကျန်းချန်! ခိုးကြောင်ခိုးဝှက်ကပ်မလာနဲ့"
ကျန်းချန်က လက်ပိုက်ပြီး ဆိုသည်။
"ခုတလော နည်းနည်း စွာလာသလိုပဲနော်...ကိုယ့်ကိုမြင်ရင် တွန့်ဆုတ်တွန့်ဆုတ်နဲ့ မျက်နှာနီလာတတ်တဲ့ အရှက်တုံး အန်းလျန်လေး ဘယ်ရောက်သွားပါလိမ့်"
အန်းလျန်က အကြည့်လွှဲထားမိသည်။
"အာ...ဒီမှာရှိနေသားပဲ"
ВЫ ЧИТАЕТЕ
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Подростковая литератураI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
