43. Cover your mouth, or they might hear 🔞🔞🔞

8.7K 1K 10
                                    

Unicode

ဒါလည်း warning ပဲနော် 😄

__________

Ch 43
Cover your mouth, or they might hear

အန်းလျန်တစ်ယောက် အိပ်ယာပေါ်တွင် လက်က ဒူးနှစ်လုံးပိုက်ကာ၊ ပုခုံးမှာ တာဝါခြုံ၍ အတွေးနက်နေလေသည်။

'သူ့ အိမ်ကိုသွားကြမယ်?...'

တွေးမိရုံနှင့် ရှက်သွေးဖြန်းသွား၏။

သူက ခေါင်းကို တာဝါနဲ့ခြောက်အောင်သုတ်လိုက်ပြီးနောက် အိပ်ယာဝင်ရန် အသင့်ဖြစ်နေပေပြီ။ စောစောက ရေချိုးခန်းထဲတွင် ကျန်းချန်ကို ထွက်အောင်ကူညီခဲ့သဖြင့် နောက် ထိုလူက သူ့ကို စားဖွယ်အမဲနှယ် စိမ်းစိမ်းကြီး ကြည့်နေခဲ့ပါ၏။

'သူ့အိမ်ကို သွားလို့ ဘယ်ဖြစ်မှာတုန်း...ဒီမှာမှ ငါလုံခြုံမှုရှိမှာ' ဟု
အခန်းထဲရှိ ကောင်လေးနှစ်ယောက်ကိုကြည့်ရင်း...အန်းလျန်တစိမ့်စိမ့်တွေးနေသည်။

ယွိမြောင်က နာရီကိုကြည့်ကာ   ''ငါတို့ အိပ်တော့မှပဲ...သိပ်မကြာခင် မီးဖြတ်တော့မှာ" ဟုပြောသည်။

"ညနက်ထိအောင် နေရမဲ့ရက်တွေ ကုန်ပါပြီကွာ...ToT"ဟု စီကျွင်းက ဝမ်းပန်းတနည်းပြောသည်။

ထို့နောက် နှစ်ဦးသား မဝင်ချင့်ဝင်ချင်ဖြင့် အိပ်ယာဝင်သွားတော့သည်။ ကျန်းချန်လည်း သူ့တို့နည်းတူ အန်းလျန်၏အပေါ်မိုးက အိပ်စင်ပေါ် တက်သွား၏။

ထိုအချိန်မှာ အန်းလျန်က မျက်လုံးချင်းမစုံမိစေရန် ရှောင်နေလိုက်သည်။

နောက်ဆုံးတွင် နာရီက ၁၁သို့အရောက် အဆောင်မီးကို ဖြတ်ချလိုက်သဖြင့် တစ်ဆောင်လုံးကိုအမှောင်ဖုံးသွားတော့သည်။

စီကျွင်းက..."ငါ မနက်စောစောမထချင်ဘူးးးးး"ဟု ညည်းညူသည်။

ယိမြောင်က... "အိပ်​တော့"လို့ ပြန်ပြော၏။

စီကျွင်းဆီက အထွန့်တက်စကား အနည်းငယ်ကြားခဲ့ရပြီး... နောက်ဆုံးတွင်မူ အခန်းတွင်း တိတ်ဆိတ်မှုကြီးစိုးလာ၏။ တစ်ဖက်အိပ်စင်ဆီက ဟောက်သံတိုးတိုးကိုပင် ကြားရသည်။

'မအိပ်ချင်ဘူးသာ အော်နေတာစီကျွင်းရယ်...ခုတော့လည်း အိပ်သွားတာကလေးလိုပါပဲလား'

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Onde histórias criam vida. Descubra agora