Unicode
နောက်တစ်နေ့တွင်ကား စီကျွင်းသည် သူငယ်ချင်းအချို့နှင့်အတူ စာမေးပွဲရာသီကုန်ဆုံးသည့်အထိမ်းအမှတ်အနေနှင့် ကျင်းပရန် အောင်ပွဲခံပါတီအသေးလေးတစ်ခုကို စီစဉ်ထားလေသည်။
သူတို့က သူငယ်ချင်းများများရရန် ဆိုကာ အန်းလျန်အား ပါတီတွင်ဝင်ပါရန် ထပ်တလဲလဲတောင်းဆိုကြသည်။ အမှန်တွင်ကား ပျော်စေချင်လို့သာ။
သဘာဝအားဖြင့် အန်းလျန်၏ စရိုက်အရ ပျော်ဖို့ပါးဖို့ဟူသည် သူနှင့်မသက်ဆိုင်ပေ။
သူတို့၏ မိတ်ဆုံစားပွဲကို ဟော့ပေါ့ဆိုင်ငယ်လေးတစ်ခုတွင် ကျင်းပမည်ဖြစ်ပြီး ၅နာရီထိုးတွင် စတင်မည်ဖြစ်သည်။
အပေးအယူများစွာနှင့် စည်းရုံးသိမ်းသွင်းတော့မှသာ အန်းလျန်က လာရန်သဘောတူလိုက်သည်။
ကျန်းချန်ကိုဖိတ်သော်လည်း ထရိန်နင်ရှိတာကြောင့် ဝင်မနွှဲနိုင်ပေ။ ယွိမြောင်ကတော့ ညနေမစောင်းခင်က သူ့မိသားစုရှိရာကို ခဏ ပြန်သွားသည်။အချိန်ကျလာ လျှင် အန်းလျန်နှင့် စီကျွင်းသည် တွေ့ဆုံမည့်နေရာသို့သွားရန် လုပ်ကြသည်။
"သိပ် ပူမနေနဲ့ လျန်လေး... မင်း အသားကျသွားမှာပါ"
အန်းလျန်က သက်ပြင်းချလိုက်သည်။
"အာ"
ကံကောင်းစွာပဲ ညနေခင်းဟာ အဆင်ပြေပြေချောချောမွေ့မွေ့ပါပဲ။ စီကျွင်းရဲ့ သူငယ်ချင်းတွေက စီကျွင်းနဲ့တူပုံရ၏....အာကျယ်ကျယ်/ခင်ဖို့ကောင်းကြသည်။ ဒါကြောင့် အန်းလျန်အနေနှင့် စကားအများကြီး ဝင်ပြောစရာမလိုပေ။
ပြီးတော့ အယ်လ်ကိုဟောကလည်း အန်းလျန်ရဲ့ ယုံကြည်မှုကို မြှင့်ပေးလိုက်သည်။ အသေအချာပဲပေါ့။
လူအုပ်က စားပွဲကြီးကြီးမှာတစ်ခုမှာ ထိုင်နေကြတာဖြစ်ပြီး တစ်ဝိုင်းလုံး အတူတကွစားလောက်အောင် ဟင်းပွဲနှင့်သောက်စရာများစွာကို မှာကြသည်။
"အန်းလျန်..မြည်းကြည့်စမ်း"
"အရင်က မင်း တစ်ခါမှမသောက်ဖူးဘူးပေါ့လေ"

YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...