15. Being Molested

8.6K 1.5K 114
                                    

Mono_Chal

Zawgyi

Chapter - 15
ကိုယ်​ထိလက်​​ရောက်​​စော်​ကားခံရခြင်း

အန်းလျန်​​ပြောစရာစကား​တွေ​ပျောက်​ရှကုန်​တယ်​။

သူ့ရဲ့အိပ်​ရာဟာ ​ရေ​တွေရွှဲနစ်​လို့​နေ​လေပြီ..

" ​ရေ​တွေပဲမို့လို​တော်​သေးတယ်​.. "
စီးကျွင်းက​တော့ စိတ်​သက်​သာရာ ရရာရ​ကြောင်း ​ပြော​ပေးရှာပါတယ်​။

" ငါနဲ့လာအိပ်​​ရှောင်​လျန်​... "
ယွီ​မြောင်​အလျင်​အမြန်​ပဲဆိုလိုက်​တယ်​။

" ယွီ​မြောင်​.. မင်းအိပ်​ရာ​ပေါ်မှာ မင်းစုထားတဲ့ အရုပ်​​တွေနဲ့ပြည့်​​နေပြီ ဘယ်​မှာ အိပ်​စရာ ​နေရာရှိ​တော့လို့လဲ... မင်းအရုပ်​​တွေကို ကြမ်း​ပြင်​​ပေါ်ချထားမယ်​ဆို​တော့ မ​ပြောတတ်​​ဘူး.. "
စီကျွင်း ခွန်းတုန့်​ပြန်​​လိုက်​တယ်​။

ယွီ​မြောင်​  : " !!! "

စီကျွင်းကပဲဆက်​ပြီး..
" အန်းလျန်​..မင်း ငါနဲ့ လာအိပ်​လို့ရတယ်​ "

ယွီ​မြောင်​  : " မင်း သူ့ကို အသက်​ထွက်​သွား​စေချင်​လို့လား? မင်း အအိပ်​ကြမ်းတာ တစ်​​လောကလုံးသိတယ်​...  "

ကျန်းချန်​ဟာ ဖြတ်​​ပြောလိုက်​တယ်​..
" ဒါဆို..  အန်းလျန်​ ငါနဲ့လာအိပ်​​လေ... " 😈

အန်းလျန်​ဟာ ကျန်းချန်​ရဲ့စကားကိုကြား​တော့ မယုံသင်္ကာဖြင့်​ သူ့အိပ်​ရာကိုသာ စိုက်​ကြည့်​​နေခဲ့တယ်​။

' ဘာ!? .. အိပ်​... အိပ်​ရမယ်​..  ကျန်းချန်​နဲ့? ကျန်းချန်​ဘေးမှာအိပ်​ရမယ်​..  ​မဖြစ်​နိုင်​တာ.. AOA ဘာလို့ငါပဲဖြစ်​​နေရတာလဲ?  ငါဒီလို​တွေခံစား​နေရ​အောင်​အရင်​ဘဝက ဘယ်​လိုအမှား​တွေများကြူးလွန်​ခဲ့တာပါလိမ့်​? '

ယွီ​မြောင်​ကြည့်​ရတာ ဒီအဖြစ်​အပျက်​ကို သိပ်​သ​ဘောမကျတဲ့ပုံပင်​ ဒါ​ကြောင့်​ ခြိမ်း​ခြောက်​တဲ့ အကြည့်​​တွေ ကျန်းချန်​ဆီ ဆက်​တိုက်​ပစ်​လွှတ်​​နေခဲ့တယ်​။ ကျန်းချန်​က​တော့အပြုံး​လေးနဲ့ပဲ တုန့်​ပြန်​ခဲ့တယ်​။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Dove le storie prendono vita. Scoprilo ora