bonus:ဂျုံမှုန့်ညက်bonus:ဂျုံမှုန့်ညက်

9.8K 1.3K 31
                                        

Zawgyi

So..there is a little warning. This is Jian Chen's POV on the bed incident .

__________

မမျှော်လင့်တဲ့ အလှည့်အပြောင်းရဲ့ အဖြစ်မှာ ကျန်းချန်၏ ခံစားချက်လေးက ကျေနပ်နှစ်သက်နေတယ်။

တကယ်တော့....ကျန်းချန်မှာ အဲဒီလို အစီအစဉ်မရှိပါဘူး။ သူ ဘာတတ်နိုင်မှာလဲ.....ဒါက လုံးဝတိုက်ဆိုင်မှု စစ်စစ်ပါ။

ဆိုသော်လည်း....အနည်းဆုံးတော့ အခု သူ အန်းလျန်နဲ့ အိပ်ယာ အတူမျှသုံးနေရတယ်လေ။

အချိန်တွေကြာလာတာနဲ့အမျှ....သူ ဒီကောင်လေးကို ပို ပိုပြီး နှစ်သက်လာရသလို၊ ကာကွယ်လိုစိတ်တွေလည်း ပြင်းသထက် ပြင်းပြလာခဲ့ပါတယ်။ အန်းလျန်ဟာ သူ့ရဲ့ဘဝထဲကို တိုးဝင်လာတဲ့ လတ်ဆတ်အေးမြသည့် လေပြည်ညင်းလေးလိုပါပဲ။

အခုတလော ယွိမြောင်က သူ့ကို စောင့်ကြည့်နေမှန်း ကျန်ချန် သတိပြုမိပါတယ်။ သူက ယွိမြောင်ရဲ့ ကိုယ်ကနေ အချိန်တိုင်း ခြယ်လှယ်လွှမ်းမိုးလိုတဲ့ လက္ခဏာကို ခံစားမိပါတယ်။ ဒါဆိုရင် သူကရော ဘာကြောင့် ငြိမ်နေရဦးမှာလဲ။ သူလည်းပဲ အန္တာရာယ်ရှိတဲ့ သူ ဖြစ်ကြောင်း အခြားကောင်လေးတွေသိအောင် အကဲစမ်းဖို့ လိုတယ်လို့ သူခံစားရတယ်။ ကျန်းချန်ကတော့ စိန်လာခေါ်လို့ရင် တိမ်ပေါ်ထိ ပျော်ပျော်ကြီး လိုက်တက်မှာပါ။

ဒီပွဲမှာ ကျန်းချန်နိုင်သွားပြီပဲ ဆိုကြပါစို့။ ဘာလို့လဲဆိုတော့ အန်းလျန်က အခု သူ့ဘေးမှာအိပ်နေပြီလေ။

သေးငယ်တဲ့ အိပ်ယာကြောင့် နှစ်ဦးသားက ပူးကပ်နေပြီး ကျန်းချန်ဟာ အန်းလျန်ရဲ့ ကိုယ်အနွေးဓာတ်နဲ့ ကိုယ်သင်းရနံကို ခံစားရရှိနေပါတယ်။ သူ့အနေနဲ့ အနားကိုပိုတိုးပြီး အားနည်းပုံရတဲ့ ကိုယ်လုံးလေးကို လက်မောင်တွေကြား ထွေးပွေ့ထားဖို့ကလွဲရင် ဘာမှ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ စောင့်ကြည့်နေဆဲ ယွိမြောင်ရဲ့ မျက်လုံးတွကြားမှာ သူ မနည်းကို ကိုယ်ရှိန်သတ် ချုပ်တည်းထားရပါတယ်။

အချိန်အကြာကြီး စောင့်ဆိုင်းပြီးတဲ့နောက်မှာ သူလည်း တစ်ချက်ငိုက်မြည်းသွားကာ ညလယ်ကြီးမှာ နောက်တစ်ကြိမ်ပြန်နိုးလာခဲ့တာပါ။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Место, где живут истории. Откройте их для себя