22. Sleeping over

8.7K 1.6K 173
                                    

Unicode


'ကျန်းချန်အိမ်ကို သွားမယ်?'

အန်းလျန်က အချိ်န်ခဏယူပြီး တွေးလိုက်တယ်။

'ယွိမြောင် နဲ့ စီကျွင်းကို ဒီပုံစံနဲ့ ပေးမမြင်ချင်ဘူး.....ငါ အိမ်လည်း လုံးဝပြန်လို့မရတော့ဘူး'

အန်းလျန်က ခေါင်းငြိမ့်ပြလိုက်သည်။ သူ နှုတ်ကထုတ်၍မပြောချင်ပေ။ သူ့အသံက ဆို့နင့်ပြီး ထွက်လာမှာကို ကြောက်ရပါသည်။

အန်းလျန်က ခေါင်းလှုပ်သွားသည်ကိုမြင်မှ ကျန်းချန်က ကားကိုမောင်လိုက်သည်။ ကံကောင်းလို့်....သူ့အိမ်ကနီးတယ်လေ၊ အဲဒါက အန်းလျန်ကို ထိုနေရာဆီခေါ်ရတဲ့ အကြောင်းပြချက်တစ်ခုပေါ့။ ဒီလိုပုံစံမျိုးနဲ့တော့ အန်းလျန်ကို အဆောင်ပြန်ခေါ်မသွားချင်တာ မပြောဘဲတောင်သိကြမှာပါ။ အန်းလျန်နဲ့ သူ့မိသားစုကြားမှာ တစ်ခုခုဖြစ်လာခဲ့တာ သေချာနေလို့လည်း အဲဒီကိုပြန်ပို့ဖို့ မမေးတော့တာ။

ကားထွက်တာမှ ငါးမိနစ်မကြာသေး.....အန်းလျန်က အိပ်ပျော်သွားခဲ့သည်။

'ခြေကုန်လက်ပန်းကျနေတာ ဖြစ်မယ်'

သူ့ဘေးမှာအိပ်စက်နေတဲ့ ပုဂ္ဂိုလ်လေးကိုကြည့်ပြီး ကျန်းချန်တွေးမိရသည်။ ကျန်းချန်၏အိမ်ကိုမရောက်ခင် မိနစ်နှစ်ဆယ်ခန့် တိတ်တဆိတ်မောင်းခဲ့ရသည်။

အဲဒါက မြို့ရဲ့ အပိုင်းသစ်မှာ တည်ဆောက်တာမကြာသေးတဲ့ ခေတ်မီအိမ်တစ်လုံးဖြစ်ပြီးတော့ ကျန်းချန်ရဲ့မိဘတွေက ဒါကို ကျန်းချန်အတွက် နေစရာ အနေနဲ့ဝယ်ခဲ့တာ။ တက္ကသိုလ်နဲ့လည်းနီး မြို့လယ်ခေါင်နဲ့လည်းနီးတော့ သူက တက္ကသိုလ်ဝင်းထဲပဲသွားသွား သူ့အိမ်ကိုပဲ လည်လည် အဆင်ပြေပြေဖြစ်ရအောင်လို့ပါ။ ဒါပေမဲ့ ကျန်းချန်က ကျောင်းသားဘဝ တက္ကသိုလ်ရဲ့ အတွေ့အကြုံတစ်ခုအနေနဲ့ ကျောင်းဆောင်မှာပြောင်းနေခဲ့တယ်။ ဆိုတော့...ဒီအိမ်က လွတ်နေတယ်ပေါ့။

ကျန်းချန်က ငြိမ်းငြိမ်းချမ်းချမ်းလေး အိပ်မောကျနေတဲ့ အန်းလျန်ကို တကယ်ကိုမနှိုးချင်ဘူး။ ဒါကြောင့် ကားထဲကနေ ထွက်ပြီး အန်းလျန်ထိုင်နေတဲ့ ဘက်ခြမ်းကို အသံလုံနိုင်သမျှလုံအောင် လျှောက်သွားလိုက်ပါတယ်။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now