Unicode
Ch 46 Staying Overnight
ညစာဝိုင်းက အန်းလျန်ကြောက်ရွံ့နေခဲ့သလို အနေရမခက်ခဲ့ပါ။ ဒါတွင်မက အစားအသောက်များကလည်း ထိပ်တန်းအရည်အသွေးရှိသည်။ ထည့်စားနေရာမှ ဗိုက်ဝသွားသလိုရှိ၍ အန်းလျန်တူကိုချလိုက်၏။
ကျန်းချန်ကို စောင့်နေခြင်းဖြစ်ရာ ရိုင်းမည်စိုးသဖြင့် သမ်းဝေလိုစိတ်ကို ကြိတ်မှိတ်ထားရသည်။
မျက်လုံးကို မနည်းပွင့်အောင်လုပ်နေရင်း... ပင်ပန်းနေပုံရသည့် အန်းလျန်၏မျက်နှာကို ကျန်းချန်သတိပြုမိသည်။ သမ်းဝေခြင်းကို ကြိတ်မှိတ်ထားရသဖြင့် အန်းလျန်း၏ မျက်တောင်ကလေးများတွင် မျက်ရေကြည်ကလေးများဝေ့ကာ ကျတော့မည့်ဟန်...... ဘယ်လိုရုပ်ကလေးမှန်းကို မသိချေ။
ကျန်းချန်က အသား စားနေရာမှရပ်လိုက်သည်။ အန်းလျန်ကလည်း ငိုက်နေရာမှ ဆတ်ခနဲ နိုးလာကာ နှစ်ဦးသား စားပွဲကို ရှင်းကြ၏။
အားလုံးသိမ်းဆည်းပြီးလျှင် ... အန်းလျန်က သတိလက်လွတ်ဖြင့် ဧည့်ခန်းသို့လျှောက်သွားပြီး ဆိုဖာတွင်ထိုင်သည်။ ဒူးနှစ်လုံးထောင်ပြီးလျှင် လက်ကိုဒူးပေါ်တင်ပြီး လက်ပေါ်ခေါင်းတင်ကာ ခန္ဓာကိုယ်က လက်တန်းကို အသာမှီ၍ တဖြည်းဖြည်း အိပ်ပျော်သွားပါ၏။
ဆိုဖာတွင် အိပ်ပျော်နေသော အန်းလျန်ကို ကျန်းချန်စောင့်ကြည့်နေခဲ့သည်။
'လျန်လေးရာ...ကလေးလေးလိုပဲ..လူကို အလိုလိုက်ချင်အောင် တကယ်လုပ်တယ်'
အချို့သောသူများက အစား စားပြီးလျှင် အားအင်ပြည့်ဖြိုးသွားသော်လည်း အချို့ကတော့ အစား စားပြီးလျှင် တစ်ရေးလေးမှေးလိုက်ရမှမဟုတ်လား....။
ကျန်းချန် သည် အနားသို့ လျှောက်သွားပြီး သူ၏လက်ကို ကောင်လေး၏ တံတောက်ခွက်နှင့် ကျောအောက်တွင် နေရာယူလိုက်ကာ မချီလိုက်သည်။ ရုတ်တရက် အန်းလျန်သည် ဇဝေဇဝါနှင့် မျက်လုံးပွင့်လာပြီး နောက် ထပ်မံ၍ နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်ပျော်သွားသည်။
ကျန်းချန်က အိပ်ခန်းဆီ ဂရုတစိုက်သယ်သွားပြီး ကောင်လေးကို ချလိုက်သည်။ ပြီးမှ စောင်ထူထူ ခြုံပေးလိုက်၏။
ČTEŠ
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
TeenfikceI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
