7. A fever?

9.4K 1.5K 55
                                    


Zawgyi

ဒီအပိုင်းလေးကို မတ်မတ်ချယ်ကူလို့သာ up ဖြစ်တာပါဗျာ။ အထူးက စိတ်ကမှန်သာ မဟုတ်ဘူးရယ်။ guardian လေးလည်းကြည့်နေလို့။သူများရေးတာတွေလည်းလိုက်ဖတ်နေလို့ရယ်။ ဒါနဲ့လေ မတ်မတ်ချယ်ရဲ့ *အချစ်ဂိမ်း*ဆိုတာလေး လေ...အထူးတော့အရမ်းကြွေတယ်သိလား။
Mono_Chal
_____________________

Chapter - 7
A Fever?

" အွန်း... မင်းတို့ရဲ့ date ဘယ်​လိုလဲကွ.. ?"

ကျန်းချန်​နဲ့ အန်းလျန်​တို့ နှစ်​​ယောက်​သား တံခါးက​နေ ဖြတ်​ဝင်​လာလာချင်း စီကျွင်းက စပ်​စုလိုက်​တယ်​။ ကျန်းချန်​ဟာ ပြုံးဖြီးဖြီးမျက်​နှာနဲ့ သူ့ရဲ့စားပွဲမှာ ဝင်​ထိုင်​လိုက်​တယ်​။

" ဘယ်​လိုလဲ.. အဆင်​​ပြေခဲ့လား.. ?
သူတို့ရဲ့ ဖုန်းနံပါတ်​​ရော ရခဲ့လား.. ? "

အန်းလျန်​ဟာ ​လေး​လေးပင်​ပင်​ပြန်​​ဖြေလိုက်​တယ်​။ " အွန်း... ဟို.. အဟွာက.. "

" ဝါး... ငါ မင်းအတွက်​ သိပ်​ဂုဏ်​ယူတာပဲ
အန်းလျန်​... မင်းလုပ်​နိုင်​မယ်​ဆိုတာ ငါသိ​နေတယ်​.. ! မင်းရဲ့ ​ယောက်ျားဆန်​မှုနဲ့ မဖမ်းစားနိုင်​ရင်​ မင်းရဲ့ ချစ်​စဖွယ်​အမူအရာ​လေး​တွေနဲ့ ဖမ်းစားလိုက်​စမ်းကွာ.. ! "

ဘယ်​သူက ချစ်​စရာ​လေးလဲ.. ?
မင့်​ တစ်​မိသားစုလုံးပဲ ချစ်​စရာ​လေးဖြစ်​..
ငါက ​ယောကျာ်း​လေးကို...

အန်းလျန်​ဟာ ပြန်​မ​ပြော​တော့ဖို့ ဆုံးဖြတ်​လိုက်​ပြီး ​ရေချိုးခန်းထဲမဝင်​ခင်​ အဝတ်​အစားလဲလိုက်​တယ်​။

သူ ​ရေချိုးပြီးတဲ့အခါ သူ့ခန္ဓာကိုယ်​ အနည်းငယ်​ ​နွေး​နေတယ်​လို့ ခံစားလိုက်​ရတယ်​။

ငါ ​ရေပူ​တွေနဲ့ ချိုးလိုက်​လို့ ဖြစ်​ပါလိမ့်​မယ်​..

အန်းလျန်​ ​ရေချိုးခန်းထဲက ထွက်​လာတဲ့အခါ စီကျွင်းဟာ ဂိမ်း​ဆော့ဖို့ သူ့သူငယ်​ချင်း​တွေရှိရာ အခန်းကို ထွက်​သွားပြီး ယွီ​မြောင်​က​တော့ သူ့ရဲ့ ​နောက်​ဆုံး အတန်းအတွက်​ ပြင်​ဆင်​​နေတယ်​။

အန်းလျန်​ဟာ သူ့ရဲ့ အိပ်​ယာဆီကိုသာ
တည့်​တည့်​မတ်​မတ်​​လျှောက်​သွားလိုက်​ပြီး လှဲချလိုက်​တယ်​။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now