11. No face left to loose

8.6K 1.5K 36
                                    

Zawgyi

Mono_Chal

Chapter - 11
သန်း​ခေါင်​ထပ်​​တော့ ညဉ့်​မနက်​​တော့....

လက်​ထပ်​မှုတစ်​ခုလုံးအတွက်​ ဖြတ်​သန်းရမဲ့ အဆင့်​​တွေအားလုံးဖြတ်​သန်းခဲ့ပြီး​နောက်​မှာ​တော့ အန်းလျန်​ဟာ သူသွားစရာရှိ​​သေးကြောင်း​ပြောပြီး နှုတ်​ဆက်​စကားဆိုခဲ့တယ်​။ အမှန်​တကယ်​က​တော့ သူဟာ အရူးမုန်​တိုင်းကို ​လော​လောလတ်​လတ်​ မျက်​နှာချင်းဆိုင်​ဖို့ ရှက်​​နေတဲ့ အတွက်​​ကြောင့်​သာဖြစ်​​လေသည်​။

အန်းလျန်​ဟာ Log out ခဲ့တယ်​။ အချိန်​ကလည်း အ​ဆောင်​မီးပိတ်​ချိန်​နားနီး​နေတဲ့အတွက်​ သူဟာ အိပ်​ရာဝင်​ဖို့ပဲ ဆုံးဖြတ်​ခဲ့တယ်​။ အိပ်​ရာထဲ​ရောက်​​တော့ သူ ဒီတစ်​​နေ့တာအတွက်​ လုပ်​ခဲ့တာမှန်​သမျှ ဖြစ်​ခဲ့တာမှန်​သမျှကို ​တွေ​တောကာ​နေ​လေသည်​။

သူ​တွေး​နေတုန်းပဲ... တစ်​​ဖြေး​ဖြေးအိပ်​​ပျော်​သွား​လေသည်​။

နောက်​တစ်​​နေ့​ရောက်​​တော့, အန်းလျန်​ဟာ အတန်းတတ်​စရာမရှိတဲ့အတွက်​​ကြောင့်​ ​အောက်​ထပ်​က cafeteria ရှိရာဆီ မနက်​စာယူဖို့ ​အေး​အေးလူလူပဲ ဆင်းလာရင်း ဒီ​နေ့တစ်​​နေ့တာကို ဘယ်​လိုဖြတ်​သန်းရမလဲလို့ စဉ်းစား​နေခဲ့တယ်​။

အန်းလျန်​ cafeteria ထဲဝင်​လာကတည်းက လိုက်​ကြည့်​​နေတဲ့ ရူလန်​က​တော့ ဒီ​နေ့အတွက်​ အကြံဥာဏ်​​ကောင်းတစ်​ခုကို စဉ်း​စားမိခဲ့တယ်​။ ပြီး​နောက်​မှာ​တော့ သူမရဲ့ သား​ကောင်​​လေးဆီ အ​ပြေးသွားလိုက်​တယ်​။

" အန်းလျန်​...ဟဲလို~  နင်​ ဒီ​နေ့ဘာလုပ်​ဖို့ရှိလဲ... ? "

ထခုန်​မိမတတ်​လန့်​သွားခဲ့ပြီး အန်းလျန်​လှည့်​ကြည့်​လိုက်​တဲ့အခါ ရူလန်​နဲ့ သူမရဲ့ အပြုံးကိုမြင်​လိုက်​ရတယ်​။

" ငါ ဒီ​နေ့ အတန်းမရှိဘူး.. ဒါ​ကြောင့်​ ဘာလုပ်​ရမလဲ ခုထိ မသိ​သေးဘူး... "

ရူလန်​ : " အာ.... ဂလိုလား... "

အန်းလျန်​ သူရဲ့မနက်​စာကိုယူပြီး ဆိုင်​ထဲက စားပွဲတစ်​လုံးမှာ ထိုင်​လိုက်​​တော့လုဆဲဆဲ ရူလန်​ဟာ အလျင်​အမြန်​ပဲ သူ့ကို လှမ်း​ဆွဲထားလိုက်​တယ်​။ သူမဟာ လက်​တစ်​ဖက်​က သူ့ရဲ့ မနက်​စာဘူးကိုကိုင်​ပြီး ​နောက်​တစ်​ဖက်​ သူရဲ့လက်​​မောင်းကိုဆွဲကာ အ​ဆောင်​ခန်း​တွေဆီဦးတည်​ထားတဲ့ ​လှေကား​တွေရှိရာဆီ ​ခေါ်​ဆောင်​လာ​လေသည်​။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Donde viven las historias. Descúbrelo ahora