18. You dare leave me?

8.5K 1.5K 141
                                    


မုန့်ယောင်တို့ ဒီပန်းကလေးနဲ့ပတ်သတ်ပြီး စိတ်ကုန်၊စိတ်ပျက်မိသည်။

ကျန်းချန်က သူမကိုပဲ.....(ဝါ)သူ့ကိုပဲ အာရုံစိုက်နေလို့ပါ။ တစ်ခုခုတော့ လုပ်ဖို့လိုနေပြီ။ သူမက သူမအကောင့်နှင့် အခြားကာရိုက်တာတစ်ခုကို သုံးပြီး သူ့ကိုနှောင့်ယှက်တိုက်ခိုက်ဖို့သွားခဲ့သည်။

နင် နင် တကယ်ပဲ လေဒီဘွိုင်းရော ဟုတ်ရဲ့လား....?

(Private message)ပွင့်တစ်ရာနှင်းဆီ: ရွံတယ်ဟယ်....

(Private message)ပွင့်တစ်ရာနှင်းဆီ: နင်က နင်တစ်ယောက်တည်း ပျော်ရွှင်ဖို့အတွက် မုန်တိုင်းကို ကစားတယ်ပေါ့လေ....ဟုတ်လား?

(Private message)ပွင့်တစ်ရာနှင်းဆီ: သူက ဒါလေးတောင်မသိဘူးလား.....

(Private message)ပွင့်တစ်ရာနှင်းဆီ: သူက အပြင်လောကမှာ မိန်းမရှိတာ နင်မသိဘူးမပြောနဲ့......

(Private message)ပွင့်တစ်ရာနှင်းဆီ: နင် ပျော်လို့ပါးလို့ဝရင် သူ့ကို လွှတ်ပေးသင့်ပါပြီဟယ်.....

စကားလုံး တစ်လုံးချင်းစီက အန်းလျန်ကို ဓားထက်ထက်နဲ့ လှီးဖြတ်နေသလိုပင်။

'ငါက သူ့ကို အသုံးချတာတဲ့လား?'

အန်းလျန်က သူ့ကိုယ်သူ ခံစားချက်ကောင်းအောင် ဂိမ်းဆော့ဖို့လုပ်ခဲ့တာ သူ အခုပိုတောင် ဆိုးသွားပြီ။

'သူမမှန်တယ်....ငါက သူ့ကို လှည့်စားနေတာပဲ...ဒါကြောင့် သူ ငါနဲ့ကစားနေတာ။ အခုဆို အပြင်လောက က သူ့မိန်းမကိုတောင် ထိခိုက်စေမိပြီ'

(Private message)ပန်းကလေး: I am sorry....ငါက သူနဲ့ကစားရရုံပဲ အလိုရှိခဲ့တာပါ။ ငါဘာလုပ်သင့်လဲ?

(Private message)ပွင့်တစ်ရာနှင်းဆီ: လုံးဝ ပျောက်ကွယ်သွားရမှာပေါ့!!!

(Private message)ပွင့်တစ်ရာနှင်းဆီ: ဒါပေမဲ့ အရင်ဆုံး ကွာရှင်းခဲ့....

ကွာရှင်းရမယ်? အာ.....အခုလို ကြီးကြီးမားမား ပတ်သတ်နေလို့ မသင့်တော့ဘူးပဲ.....

အန်းလျန်ရဲ့ ခံစားချက်တွေ ထိုးကျနေပါတော့တယ်။

သူ မုန်တိုင်းကို ဆုံရှူံးရတော့မှာ မြေကြီးလက်ခတ်မလွဲ.....

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Où les histoires vivent. Découvrez maintenant