41. I love him

6.6K 1.1K 23
                                    

Unicode

Ch 41 I love him

နောက်နေ့သည်ကား ကျောင်းပြန်မဖွင့်ခင် အားလပ်သည့် ဘိတ်ဆုံးရက်ဖြစ်သည်။ ထိုနေ့အတွက် အလုပ်ဆင်းရန် စီစဥ်ပေးထားပြီး ဤတစ်ကြိမ်တွင်တော့ အန်းလျန် သိပ်စိတ်ပူပန်မှုမရှိတော့ချေ။ သူက ပျာပျာ ပျာပျာနှင့် ပြင်ဆင်ပြီးသွားပြီး ကဖေးသို့ထွက်ခဲ့သည်။

တံခါးကို တွန်းဖွင့်ပြီး အဝင်...အန်းလျန်ကို ချိုမွှေးသောရနံ့တို့က နှုတ်ခွန်းဆက်သည်။ ဝမ်ယုံက စားသုံးသူတစ်ယောက်ကို ဝန်ဆောင်ပေးနေ၏။ သူလည်း ကောင်တာနောက်သို့ ဝင်ကာ အေပရွန်ကို ဝတ်လိုက်သည်။


မနေ့ကတည်းက အန်းလျန်ကို အေပရွန် မှန်မှန်ကန်ကန်စည်းနည်း ဝမ်ယုံက ပြပေးပြီးဖြစ်ပေမဲ့ သူ အနည်းငယ်တော့ ကြိုးစားနေရသေး သည်။ သူ မသိလိုက်ခင်မှာပင် ကြီးမားသောလက်တစ်စုံက သူ၏ခါးဆီရောက်လာကာ ကြိုးထုံးကလေးကို ရှေ့ချချည်၍ အေပရွန်ကို စည်းလာပေးသည်။

အန်းလျန်က သူ့ကို ပြုံးကြည့်နေသော ဝမ်ယုံကို လှည့်ကြည့်​လိုက်ပြီး..

"အာ..ကျေးဇူးပါဗျ ဝမ်ယုံ"

ထိုအခါ ဝမ်ယုံက

"ပြောပြီးပြီလေ...မင်းကိုရှောင်လျန်လို့ ခေါ်မယ်.. ငါ့ကိုတော့ ကောလို့ခေါ်ပါလို့"

အန်းလျန်: "အမ်း....ကျေးဇူးပါ ကော"

ဝမ်ယုံ: "လာ..အလုပ်နဲ့ပတ်သတ်ပြီး ဘယ်လိုစာရင်းမှတ်ရမယ်ဆိုတာ ပြပေးမယ်"

စားသုံးသူကို ဝန်ဆောင်မှုပေးစဥ်ဖြစ်စေ စားပွဲသန့်ရှင်းစဥ်ဖြစ်စေ ဝမ်ယုံ၏အကြည့်တို့သည် အန်းလျန်ကိုယ်ပေါ်မှ တစ်ဗီဇနာမျှပင်မခွာ။ ကောင်ကလေးတွင် အမှန်တကယ်ကြည့်ပျော်သောမျက်နှာနှင့် ယဥ်ကျေးသောအသံတို့ရှိကာ စားသုံးသူများကို အရူးအမူးဖြစ်စေသည်။


အန်းလျန်၏ နေ့ဆိုင်းပြီးခါနီးတွင် ဝမ်ယုံက နောက်ဆုံးမေးခွန်းတစ်ခုကိုမေး၏။

"ရှောင်လျန်...မင်းမှာ ချစ်သူ ကောင်မလေးရှိလား?"

အန်းလျန်သည် နောက်ဆုံးကျန်သည့်စားပွဲတစ်လုံးကို သန့်ရှင်းနေရာမှ ရုတ်ချည်း တန့်သွားရသည်။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now