Unicode
ထိုည ၏ အချိန်အများစုကို Red Dragon Quest ကစားကြပြီးလျှင် နောက်တစ်နေ့ နံနက်တွင် ကျန်းချန်လုပ်သည့် ပထမဆုံးအရာကား သေချာပေါက် ကပ်ပါးကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။
ဤအချိန်တွင် မုန့်ယောင်က အမှန်တကယ်ကို အလွန့်အလွန်ဝေးသောနေရာတွင် ရောက်နေချေပြီ။ ပြီးနောက် ကျန်းချန်က သူမကို လွယ်လွယ်နှင့်လည်း သက်ညှာလိမ့်မည်မဟုတ်။
ကျောင်းက နှင်ထုတ်ခြင်းက ရိုးရှင်းလှသည်။ ဤ မျှနှင့် မလုံလောက်ပေ။ သူမက အရူးအမူးပင် အန်းလျန်ကို အန္တရာယ်ပေးခဲ့သည်မဟုတ်လော။
နေ့လယ်ပိုင်းတွင်မတော့ အရာအားလုံးက ဖြေရှင်းပြီးစီးသွားပြီ။
အဆုံးမတော့ သူ၏ စိတ်လေးက ငြိမ်းအေးလို့သွားရပြီး ကျန်းချန်သည် အန်းလျန်ကို ဖူးဖူးမှုတ်အလိုလိုက်ရန်ကိစ္စ၌ လုံးလုံးလျားလျား အာရုံစိုက်ပေးနိုင်သွားပြီဖြစ်သည်။
သူ၏ခံစားချက်ကို ဂိမ်းထဲတွင် ဝန်ခံပြီးပြီဖြစ်သော်လည်း အန်းလျန်က မုန်တိုင်းနှင့် သူသည် တစ်ဦးတည်းဖြစ်သည် ဆိုတာကို မသိသေးချေ။ ကျန်းချန်က ထိုအကြောင်း တဖြည်းဖြည်းချင်း ပြောပြရန်အတွက် နည်းလမ်းအားစဉ်းစားနေလေသည်။
တစ်ချိန်တည်းမှာပင် သူက ဖြစ်လာသည့်အရာတို့အား ကြိတ်ကာ ပျော်ရွှင်နေပေသည်။ထို့ပြင် အန်းလျန်ကလည်း စတင်ရွှင်ပျလာပုံရသည်။
ကြည့်ရင်းနှင့် ကျန်းချန်သည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ကောင်လေးအပေါ် မဟုတ်တာလုပ်မိမည်ကိုတောင် ကြောက်လာသည်။
'ငါရဲ့ ဆန္ဒတွေကို အခုတော့ မြိုသိပ်ထားရမယ်...အာလုံးကို အချိန်ကောင်းကျမှ....'
အန်းလျန် နိုးလာသည့်အချိန်တွင်မူ နေက အတော်မြင့်နေပေပြီ။ သူ အိပ်ပျော်သွားတာအချိန်အတော်ကြာပြီပဲ။ ပြီးတော့ သူက ယခု မရင်းနှီးသောခံစားချက်တစ်မျိုးကို ခံစားမိနေသေးသည်။
'ထူးဆန်းလိုက်တာ...ဒီနေ့.. ငါ လုပ်စရာလည်း တစ်ခုမှ မရှိပါဘူး..'
ကျန်းချန်က သူ၏ အိပ်ယာတွင် ငူငူငိုင်ငိုင် ထိုင်နေသော အန်းလျန်ကို ကြည့်လိုက်သည်။ အိပ်ယာထစ ခေါင်းမွှေးစုတ်ဖွှားဖွှားနှင့် ခါတိုင်းကဲ့သို့ပင် ချစ်စဖွယ်အသွင်။
ESTÁS LEYENDO
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Novela JuvenilI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
