Unicode
48.2 Possessive husband
အနမ်းကအလွန်ဆုံးရှိမှ နှစ်စက္ကန့်လောက်သာ ကြာမည်။ ဝမ်ယုံသည် ကော်လံမှ နေ၍ ဆွဲခံလိုက်ရပြီး ဆန့်ကျင်ဘက်သို့ ပစ်ပေါက်ခြင်းခံလိုက်ရသည်။
ကျန်းချန် ယမ်းပုံမီးကျပေါက်ကွဲ ပြီးအော်ဟစ်တော့သည်။
"မင်းကြီးပြင်းခဲ့တဲ့ နေရာမှာ လူတစ်ဖက်သားကို အလိုမတူပဲအဓမ္မလုပ်တာလည်း ပုံမှန်ပဲလားကွ..."
အန်းလျန်သည် ကျန်းချန်တစ်ယောက် ထိုလောက်ဒေါသကြီးတာကို မမြင်ခဲ့ဖူးချေ။ ကျန်းချန်က သူပစ်ထုတ်ထားသော လူဘေးသို့ ထပ်သွားကာ အကြိမ်ရေအချို့
စိတ်ရှိလက်ရှိ
ထိုးကြိတ်သည်။ အထိခိုက်မခံဆုံးသော အစိတ် အပိုင်းများကိုလည်း ကန်ကျောက်ရန်မမေ့ချေ။ ကျန်းချန်၏ ဒေါသအချို့ကမူ အန်းလျန်ဘက်သို့မြားဦး လှည့်သည်။
အန်းလျန်က သူ့ဘက်မလှည့်ခင်တည်းက အဖြစ်အပျက်ကို စိုက်ကြည့်ကာ အကြွင်းမဲ့ကြောက်ရွံ့သွားပြီး နံရံမှာကျောကပ်နေရင်းက လျှောကျကာ ကြမ်းပြင်တွင် ထိုင်လျက်ကျသွားသည်။ ကျန်းချန်က သူလွန်သွားသည်ကို သတိပြုမိလိုက်၏။
သူက သူ့ပေါင်ပေ့ထံ လှမ်းသွားကာထူလိုက်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ အန်းလျန်သည် ကျန်းချန် သူ့ဆီကပ်လာတာကို မြင်လျှင် တုန်တက်သွားပြီး မျက်လုံးကို မှိတ်ချထားခဲ့တာဖြစ်၏။ ကျန်းချန်၏ နွေးနွေးထွေးထွေး ထွေးပွေ့ခြင်းကို ခံရတော့မှသာ သူ့ရင်တုန်တာ သက်သာသွားရသည်။
"ကိုယ် တောင်းပန်တယ်နော်...မင်းရှေ့မှာ မလုပ်သင့်ဘူး" ဟု ကျန်းချန်ကပြောသည်။
ပြီးလျှင် သူက ကောင်ကလေးကိုပွေ့ချီပြီး အအေးခန်းထဲမှ ထွက်လာခဲ့တော့သည်။
စားသုံးသူများက သူတို့နှစ်ယောက်ထွက်လာသည်ကိုမြင်လျှင် အံ့အားသင့်ကုန်ကြ ကာ ဘယ်လိုဘာညာဖြစ်ခဲ့မှန်း အတင်းအဖျင်း စပြောတော့သည်။ ကျန်းချန်က တီးတိုးစကားများကို လျစ်လျူရှုကာ အန်းလျန်ကိုသာ ကားဆီသယ်လာပြီး ခရီးသည်ထိုင်ခုံတွင်အရင်ချပေးလိုက်သည်။
ESTÁS LEYENDO
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Novela JuvenilI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
