40. You are too cute

6.5K 1K 31
                                    

Unicode

Ch 40 You are too cute

အဝတ်လဲခြင်း လုပ်ကြံမှုပြီးသည့်နောက် ကျန်းချန် ထိုကောင်လေးပေါ်တွင် ဘာဆို ဘာမှ ထပ်မကြိုးစားတော့ပါချေ။  ကျန်တစ်နေ့လုံးတွင် သူ၏မိန်းမက သူ့ကို အသံတိတ်သာ ပြုစုလေရာ  ပို၍ အလှမ်းဝေးသွားသလို ခံစားရခဲ့သည်။

ဒေါသဖြစ်နေဆဲပင်ဆိုစေကာမူ အန်းလျန်၏ မျက်လုံးများကမူ ကျန်းချန် အကူအညီလိုမည့် ကိစ္စ တစ်စုံတရာ ရှိ၊ မရှိကို ဒေါက်ထောက်ကြည့်နေ​မြဲဖြစ်သည်။ ကျန်းချန်က ဒါကိုသတိပြုမိသွားခဲ့ကာ အတော်ချစ်ဖို့ကောင်းပါလား ဟု ခံစားလိုက်ရသည်။

နေ့လယ်ခင်း တစ်ခုသောအချိန်တွင် အန်းလျန် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိသည်။

အန်းလျန်: ''အာ..တကယ်လားဗျ..ကျေးဇူးအများကြီးတင်ပါတယ် ...ဟုတ်ကဲ့ ကောင်းပါပြီ မနက်ဖြန်ကျွန်တော်လာခဲ့ပါ့မယ်''

အန်းလျန် က ကျန်းချန်ကို လျစ်လျူရှု နေရမည်ကို မေ့လျော့သွားကာ ခုံတွင်ထိုင်နေသော ထိုအမျိုးသားဆီ စိတ်လှုပ်ရှားပြီးပြေးသွားမိသည်။


​​​ြဗုန်းခနဲဖြစ်လာသည့် စိတ်လှုပ်ရှားမှုကို အနိုင်နိုင်ထိန်းပြီး အန်းလျန်းက ပြောသည်။

"ကျန်းချန်...ဘာလဲ မှန်းကြည့်...ကျွန်တော်တို့သွားခဲ့တဲ့ ပန်းခြံနားက အဲဒီကဖေးလေးလေ...ကျွန်တော်အလုပ်ရပြီတဲ့ နက်ဖြန်လာတဲ့အခါ လိုက်ပြပေးမယ်လို့ပြောတယ်"

အန်းလျန်အရမ်းစိတ်လှုပ်ရှားပျော်ရွှင်နေတာကို တွေ့ရလျှင် ကျန်းချန်တစ်ယောက် ဂုဏ်ယူခြင်းတို့ဖိတ်လျှံကျလာသလို ခံစားရသည်။

'ဒါပေါ့ မင်းအလုပ်ရပြီလေ...ဆို​တော့  ဒုက္ခလည်းမရောက်တော့ဘူး ...မင်းယောက်ျားကအကောင်းဆုံးပဲ ဟုတ်တယ်မလား'

လက်တွေ့၌ ကျန်းချန်က သူ၏အဆက်အသွယ်များကြောင့် အလုပ်ရသည်ဟု အန်းလျန်အားပြောလိမ့်မည်မဟုတ်။ သို့ရာတွင် အန်းလျန်က စွမ်းဆောင်ရည်မရှိဟုမဆိုလိုပါ။ သူက အလွန်အလုပ်ကြိုးစားပြီး ချက်ချာသူတစ်ဦးဖြစ်သည်။ အလုပ်အင်တာဗျူးများက သူ့ကိုမယုံရဲကြသည်မှာသူ၏ ကွန်ဖီးဒန့်စ်ကြောင့်ဖြစ်၏။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now