Ch3
Zawgyi
နောက်တစ်နေ့မှာ ယွိမြောင်က သူ့ရဲ့မိဘတွေဆီကို အလည်သွားဖို့
သူ့အိမ်ကိုပြန်သွားပါတယ်။ စီကျွင်းကလည်း ကဖေးတစ်ခုမှာ သူ့ရဲ့ အွန်လိုင်းသူငယ်ချင်းတွေနဲ့အချိန်ဖြုန်းဖို့ သွားတယ်။ အဆောင်မှာကျန်ခဲ့တာက ကျန်းချန်ရယ် အန်းလျန်ရယ် နှစ်ဦးတည်း။
'သူ့ကြည့်ရတာ ကွန်ပျူတာထဲကို တော်တော် အာရုံစိုက်ထားပုံပဲ။ ဘာတွေလုပ်နေပါလိမ့်။ အခုက သင်ခန်းစာတွေလည်း စမှမစသေးတာ' အန်းလျန်က သူ့ရဲ့ အိပ်ယာမှာ ပျင်းပျင်းရိရိလှဲနေရင်းက ဖာသာတွေးတယ်။
ကျန်းချန်က အန်းလျန်သူ့ကို စိုက်ကြည့်နေတယ်လို့ နောက်တစ်ကြိမ်ခံစားရပြီး လှမ်းမေးတယ်။
"ပျင်းနေတာလား"
" အား ။ အိုး မဟုတ်..ကောင်းပါတယ်။ ဟို ကျွန်တော် နည်းနည်းလေးတွေးနေ sorry ကျွန်တော် "လို့
အန်းလျန်က ပြတ်တောင်းပြတ်တောင်းပြောတယ်။
"မင်းက ငါ့ပဲစိုက်ကြည့်နေတော့ ဘာများလဲပေါ့။ အဲဒါက အတော်လေး လေးနက်နေလို့။ ဘာတွေ တွေးနေလို့လဲ။"
ကျန်းချန်က သူ့ရဲ့ကွန်ပျူတာစခရင်ကနေ မျက်နှာမလွှဲပဲ မေးတယ်။
" အား ဘာမှမဟုတ်ပါဘူး။တကယ်"
ခိုးကြည့်တာ နောက်တစ်ကြိမ်ထပ်မိသွားတော့ အန်းလျန်က ရှက်ကိုးရှက်ကန်းဖြစ်သွားရှာတယ်။ ဒါနဲ့ပဲ သူ့ရဲ့ laptopကိုပဲ ဖွင့်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။
သူရဲ့မျက်လုံးထောင့်ကနေ Red Dragon Quest ရဲ့ အိုင်ကွန်လေးကို မြင်တော့ တစ်မိနစ်လောက် စဉ်းစားလိုက်ပြီး software ကို ဖွင့်လိုက်တယ်။
screen ကိုဖွင့်ပြီးနောက် သူ မနေ့က ဖန်တီးခဲ့တဲ့ စစ်ပွဲအတွင်းက အမျိုးသား ကာရိုက်တာကို ယူပြီး မကစားခင်မှာ သူက ကာရိုက်တာအသစ်ထပ်ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။
'ဒီနည်းနဲ့ ငါ အခြား class တစ်ခုကိုကြိုးစားနိုင်လိမ့်မယ်။ မနေ့က ကာရိုက်တာကိုတော့ စီကျွင်းနဲ့ ယွိမြောင်တို့နဲ့ကစားဖို့ ထားလိုက်မယ်။ ဒီကာရိုက်တာ အကြောင်းကိုလည်း သူတို့ကို ပြောပြစရာမလိုတော့ဘူး'
VOCÊ ESTÁ LENDO
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Ficção AdolescenteI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
