17. Returning home

8.4K 1.4K 50
                                    

Zawgyi


Previous......

ကျန်းချန်က အန်းလျန်၏ ကြေကွဲသောအသံကို နောက်တစ်ကြိမ် အကြားရမှာ.... သူ့ကို ရင်ခွင်တွင်းသို့ ဆွဲ၍သွင်းလိုက်ပါတော့သည်။

"အခု ဘာမှမဖြစ်တော့ဘူးလေ နော်! အန်းလျန်"

_______________
Now.........

ဘာလို့ ဘာမှ မဖြစ်ရမှာလဲ? ကျန်းချန်ရဲ့ ရှေ့မှောက်မှာ သူ နောက်တစ်ကြိမ် အရှက်ကွဲပြန်ပြီ။

ဘယ်လိုပဲဖြစ်ဖြစ် သူက ယောက်ျားလေးတစ်ယောက်ပါ။ အခုတော့ အခြားယောက်ျားလေးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ နှစ်သိမ့်ခံနေရတယ်..........အိုး....ဒီအကြောင်းကို အန်းလျန် ဆက်မတွေးချင်တော့ဘူး။

အန်းလျန်က သူအဆင်ပြေသွားပါပြီဟု ထပ်ခါတလဲလဲပြောတော့မှ ကျန်းချန်လည်း အတန်းတက်ရမှာ သတိရပါတယ်။

"အဲ....ငါတို့ စာသင်ချိန် နောက်ကျနေပြီပဲ"

နှစ်ဦးသား အတန်းဆီ အားစိုက်ပြေးခဲ့ကြပြီး အတန်းကတော့ စနေခဲ့တာ တစ်ဆယ့်ငါးမိနစ်လောက်ရှိပါပြီ။ ကျန်းချန်က သူတို့နောက်ကျရတဲ့အတွက် တောင်းပန်လိုက်တဲ့နောက် အတန်းဆရာမက အဲဒါကို လျစ်လျှူ ရှုလိုက်ပါတယ်။

အန်းလျန်:'ကျန်းချန်က အရမ်းပေါ်ပြူလာဖြစ်တာပဲ။ဆရာတွေတောင် ဘာမှ မတတ်နိုင်ဘူး.....'

အန်းလျန်က ကျန်းချန်နဲ့ ခွဲထွက်ပြီး ထိုင်လိုပေမဲ့ သူ့ဆန္ဒဟာ အကျုံးမဝင်ခဲ့ပါဘူး။ ကျန်းချန်က တစ်ချိန်လုံး သူ့ဘေးမှာ ဘော်ဒီဂတ်လို ကပ်နေပြီး သူ့ဆီကို မည်သူမှ မချဉ်းကပ်ရဲအောင် လုပ်နေခဲ့ပါတယ်။

အတန်းပြီးတဲ့အခါမှာတော့ သူတို့ အဆောင်ကိုပြန်ခဲ့ကြတယ်။

အဆောင်ရောက်တဲ့အခါ အန်းလျန်က သူ့ကျောပိုးအိတ်ထဲကို တိုလီမိုလီ ပစ္စည်း အနည်းငယ် ထည့်ပြီး သူ့အန်တီအိမ်ကို အလည်သွားဖို့ ပြင်ဆင်ပါတယ်။

"ဘယ်သွားမလို့လဲ"ဟု ကျန်းချန်ကမေးသည်။

"အိမ်ကို....မပြန်တာ နည်းနည်းကြာပြီ"

"စီးစရာ မလိုဘူးလား?"

'ကျန်းချန်မှာ ကားရှိတာလား....'

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now