Zawgyi
အခုတော့ ရူလန်က အန်းလျန်ရဲ့ လက်မောင်းကို လွှတ်ပေးလိုက်ပြီး နှစ်ဦးသား စာကြည့်တိုက်ရှိရာကို ဖြည်းဖြည်းချင်း လျှောက်သွားကြတယ်။
သို့ပေမဲ့ နှစ်ယောက်စလုံးက စိတ်မပါတော့တာကြောင့် အလုပ်လည်း များများစားစားမပြီးဘဲ စောစော လမ်းခွဲလိုက်ကြပါတယ်။
သူ ဘာကြောင့် ဒီလောက် စိတ်ဓာတ်တွေကျနေရသလဲဆိုတာ အန်းလျန် သဘောမပေါက်ပါဘူး။
'ကျန်းချန်က တစ်ယောက်ယောက်နဲ့ တွဲသွားလို့ ငါ စိတ်မကောင်းတာ ဖြစ်နိုင်လား....မနာလိုတာမျိုးလေ....ငါလည်း သူ့ရဲ့ girlfriend ဖြစ်ချင်တယ်ဆိုပြီးတော့...?'
အဆောင်ကို သူပြန်ရောက်တဲ့အခါမှာ ပထမဆုံးလုပ်တာက laptop ကိုဖွင့်ပြီး Red Dragon Quest ကို ဆော့တာပဲ။
စိတ်ပျက်စရာပဲ....အရူးမုန်တိုင်းက လို်င်းပေါ်မှာ မရှိဘူး။
အန်းလျန်လည်း ခဏတာ ပျောက်ရှသွားသလိုခံစားလိုက်ရပြီး ဘာလုပ်ရမယ် ရေရေရာရာမသိတော့ဘူး။
'သူမရှိဘဲ ငါ့ဘာသာငါ ကစားသင့်သလား? နည်းနည်း....အထီးကျန်သလိုပဲ'
အန်းလျန် သက်ပြင်းချလိုက်မိပါတယ်။ ဒီနေ့က သူ့အတွက် မဟုတ်ပါလား။
ထို့နောက်တော့... အခန်းထဲကို ကျန်းချန် ပြန်ရောက်လာပါတယ်။ သူ့ရဲ့ မျက်နှာက အုံ့မှိုင်းနေပြီး အခန်းထဲက ဘယ်သူကမှ သူ့ကို စကားပြောဖို့ နဲ့ ဘာဖြစ်သလဲမေးဖို့ မဝံ့ရဲကြဘူး။ သူက သူ့ laptop ရှိရာကို တည့်တည့်လျှောက်သွားပါတယ်။
အန်းလျန်က ခေါင်းကဆံပင်တွေကို ဆွဲဖွနေပြီး ဖန်သားပြင်ကို အကြောင်းမဲ့ ငိုင်ကြည့်နေတုန်းမှာပဲ အရူးမုန်တိုင်းက အွန်လိုင်းဖြစ်လာခဲ့ပါတယ်။
အန်းလျန်လည်း ချက်ချင်းလက်ငင်း ခံစားချက်တွေကောင်းလာပြီး သူ့ရဲ့မျက်နှာကပါ ဝင်းပသွားပါတယ်။
(Private message)ပန်းကလေး: 'ကန္တာလယ်' မှာ quest တွေ အဆုံးသတ်ရအောင်နော်..။
(Private message)အရူးမုန်တိုင်း: ငါ့မိန်းမ ဒီနေ့ တက်ကြွနေပါ့လား။
YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
