Zawgyiပန်းကလေးက အရူးမုန်တိုင်းရဲ့ အထူးလမ်းညွှန်မှုနဲ့အတူ ကြေးမြို့တော်မှာ ဆက်လက်စူးစမ်းရှာဖွေနေပါတယ်။
သူ့ရဲ့ခေါင်းထက်က 'အရူးမုန်တိုင်း၏ ဇနီး' ဆိုတဲ့ title ကို ကြည့်မိတိုင်း အန်းလျန် နည်းနည်းအရှက်ပိုမိတယ်။
သိပ်မကြာလိုက်ပါ...လူတွေက အရူးမုန်တိုင်းနဲ့ သူ့ရဲ့ ဇနီးအသစ်ကျပ်ချွတ် ကလေးကို စတင်ပြီး သတိပြုမိသွားပါတယ်။
ဒါကြောင့် world chat ပေါ်မှာ အုတ်အော်သောင်းတင်းဖြစ်ကုန်လေတယ်။
#world chat#
ပဲတောင့်ငယ်: ယာ့....အရူးမုန်တိုင်းက ကြေးမြို့တော်မှာ ဟုတ်လား? သူ့နာမည်က ဘာဖြစ်တာတုန်း...
တစ်ဆယ့်နှစ်: နေ..နေ..နေပါဦး!
ယွန်းနာ: ငါ မျက်လုံးမှောက်နေတာတော့ မဟုတ်ပါဘူးနော်...
ပဲတောင့်ငယ်: သူက ဘယ်အချိန်က မိန်းမရသွားတာလဲဟေ...အာရိုး..
ယွန်းနာ: အဲ့မိန်းကလေး သူ့ဘေးမှာ လျှောက်နေတယ်တော့....
ယွန်းနာ: ပန်းကလေးတဲ့!!
ပဲတောင့်ငယ်: !!!
မို့မိုမို: !!!
ယွန်းနာ: အာ.. မိုမို နင်လည်း ဒီမှာ ရှိနေတာလား။
(အစည်းအရုံး)မို့မိုမို: မုန်တိုင်း..? နင် ဘာလုပ်တမ်း ကစားနေတာလဲ့?
(အစည်းအရုံး)အရူးမုန်တိုင်း:.......
(အစည်းအရုံး)မို့မိုမို: နင် မင်္ဂလာဆောင်တာတောင် ငါ့ကို တကယ်ကြီး မဖိတ်ဘူးပေါ့လေ...ToT
_____
အန်းလျန်တစ်ယောက် world chat ကို ဆက်ဖတ်နိုင်လောက်အောင် စိတ်ဓာတ်မကြံ့ခိုင်ပာဘူး။ ပို ပိုပြီး များလာတဲ့ လူတွေက သတင်းကုန်သည်လုပ်ပြီး တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြတာ ..... အဲဒါ သူ့ကို ဖိအားအကြီးအကျယ်ပေးနေတာပဲ။
'ဒီရက်ထဲ လက်ထပ်တဲ့ စုံတွဲအများကြီးလို့ ငါထင်နေတာ။ မုန်တိုင်းကပဲ တော်တော် ပေါ်ပြူလာဖြစ်နေလို့လား....ငါ ဘာလုပ်ရမလဲ'
(Private message)ပန်းကလေး: .....ဟိုလေ...အဆင်ပြေရဲ့လား?
(Private message)အရူးမုန်တိုင်း: အရေးလုပ်မနေနဲ့ ။ မင်းက အခု ကို့မိန်းမဖြစ်သွားပြီ။ သူတို့ ဘာလုပ်နိုင်မှာလဲ။ နတ်ဘုရား၏အနိစ္စ ဧရိယာကို quest ရှင်းဖို့ သွားရအောင်။

YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...