4. This ship will sail

11.2K 1.6K 66
                                    

Ch4

Zawgyi

ကွန်ပျူရှေ့မှာ ထိုင်နေတဲ့ ကျန်းချန် မျက်မှောင်ကုတ်လိုက်မိတယ်။

'ဒါဆို သူမ သိတယ်ပေါ့'

(Private message)အရူးမုန်တိုင်း: 'မင်းသိတယ်လား'

(Private message)ပန်းကလေး: "ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို သွားကြည့်လိုက်တာ"

"အဲဒါ ရှင်လား"

(Private message)အရူးမုန်တိုင်း: "အင်း"

"ငါနဲ့ မကစားချင်လို့လား"

(Private message)ပန်းကလေး:
"မဟုတ်ပာဘူး ။ အံ့သြသွားလို့ပါ"

' ကောင်းရော ငါ ဒီကိစ္စအမှန်လို့မယုံချင်ဘူး။ သူ ဘာလို့ ငါနဲ့အတူ အချိန်တွေလာဖြုန်းနေရတာလဲ'လို့ အန်းလျန်က ဖာသာတွေးတယ်။

နောက်ထပ် တစ်နာရီ သို့်မဟုတ် အဲ့လောက်နီးပါး ကစားပြီးရင် အန်းလျန်းက good bye ပြောပြီး  log out လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူ log out မလုပ်ခင်မှာပဲ system ကနေ အချက်ပြလာတယ်။

1 friend request - အရူးမုန်တိုင်း

Accept

စီကျွင်းနဲ့ ယွိမြောင်တို့ မကြာခင်ကမှ ပြန်ရောက်လာပြီး သူတို့ရဲ့ စားပွဲမှာထိုင်ကာ laptop ကိုယ်စီသုံးနေကြတယ်။ Red Dragon Quest ကစားနေတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့လုံးဝ မသိတာကတော့ အန်းလျန်လည်း ဒီအချိန်မှာ ထိုဂိမ်းကို အခြားကာရိုက်တာတစ်ခုနဲ့ ကစားနေတယ်ဆိုတာပါပဲ။

အန်းလျန်က စီကျွင်း ၊ ယွိမြောင်တို့နဲ့ ပထမတစ်ကြိမ် ကစားခဲ့စဉ်က သူ့ရဲ့ လက်ရည်အတွက် အနည်းငယ်အရှက်ရခဲ့လို့ နောက်တစ်ခေါက်မှာ စွမ်းရည်ပိုကောင်းတာ ပြချင်နေပါတယ်။ ဒါကြောင့် ပန်းကလေး ကာရိုက်တာအသစ်ကို အစားသုံးပြီး သူ လေ့ကျင့်နေတာဖြစ်တယ်။

အခုလောက်ဆို ည ၁၁နာရီလောက်ဖြစ်နေပြီ။ ဆိုလိုတာက အဆောင်မီးပိတ်တော့မှာဖြစ်မယ်။ ဒါကြောင့် အန်းလျန်က သူ့ရဲ့ laptop ကိုပိတ်ကာ မတ်တပ်ရပ် အကြောတစ်ချက်ဆန့် လိုက်ပြီး တိတ်တဆိတ် သမ်းဝေလိုက်တယ်။

လှုပ်ရှားသံကြားလိုက်လို့ စီကျွင်းက လှည့်ကြည်တယ်။

"အိပ်တော့မလား။ သြ ငါရဲ့ နေရာအသစ်ကို ရွှေ့မှပါပဲ"

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now