Unicode
နောက်တစ်ဖန် တံခါးလော့ခ်ကျသံက အခန်းတွင်းဝယ် တုန်ဟီးသွားပြန်သည်။
ကျန်းချန်က အန်းလျန်ကို လူချင်းခွာလိုက်ပြီး လှည့်ထွက်လိုက်သည်။ တံခါးဆီသို့ အမြန်ပြေးသွားကာ လက်ကိုင်ကို လှည့်ဖို့ကြိုးစား၏...သို့သော်ငြား အသေပိတ်သွားပြီဖြစ်၍ အသုံးမဝင်ချေ ။
ကျန်းချန်: "အိုင်း...ငါ့နှယ် ဘာကိစ္စ ဖုန်းကို ထားခဲ့ပြန်တာလဲ"
ကျန်းချန်က မိမိကိုယ်ကို မကျေမချမ်း ပြစ်တင်လေသည်။
ကျန်းချန်: "အန်းလျန်, မင်းကို ဘယ်သူလုပ်တာလဲဆိုတာ ငါဖော်ထုတ်ပြမယ်"
ကျန်းချန်ကိုယ်မှ ထွက်နေသည့်ဒေါသတလိပ်လိပ်ကို မျက်လုံးနှင့်ပင် မြင်နိုင်လောက်သည်ဟု အန်းလျန်ထင်မိ၏။ သို့်ဖြစ်၍ သူ့ကို ပြန်ပြီး နှစ်သိမ့်ဖို့ ကြိုးစားရသေးသည်။
အန်းလျန်:"ကျန်းချန် ဒါလေးက ဘာမှ မပြောလောက်ပါဘူး။ မတော်တဆနေမှာပါ"
ကျန်းချန်က ပြန်ပြောလေသည်။
"ဒါ မတော်တဆမဟုတ်ဘူး အန်းလျန်။ တစ်ယောက်တစ်ယောက်က မင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံနေတာ သိလား"
အန်းလျန် မည်သို့ပြန်ပြောရမည်မှန်းမသိတော့....ဒေါသကြီးသည့်သူတွေနှင့် သူ မဆက်ဆံတတ်။ ကျန်းချန်ကတော့ သူ့ကို ကြောက်အောင်စလုပ်နေပြီ။ သို့ဖြစ်၍ အန်းလျန်က ကြောက်ဆုတ်ဆုတ်သွားပြီး အမြင့်ခုန်ဖော့တုံးပြားနားတွင် ထိုင်ချလိုက်ကာ သူ့ကိုယ်သူ ဖြေသိမ့်နေရလေသည်။
အန်းလျန် ထိုကဲ့သို့ ခွာသွားသည်ကို မြင်တော့မှ နဂိုကပင် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသော ကောင်လေးတစ်ယောက်ကဖြင့် သူ့ကိုကြောက်သွားပြီဆိုတာ ကျန်းချန် နားလည်လိုက်ပါသည်။
ကျန်းချန်က အန်းလျန်နားကို လျှောက်သွားလိုက်ပြီး ဘေးတွင်ကပ်ထိုင်လိုက်သည်။
ကျန်းချန်: "အန်းလျန်...မကြောက်ပါနဲ့"
"ဟင်?..အိုး..ကျွန်တော်အဆင်ပြေပါတယ်"
'ယုံချင်စရာ တော်တော်ကောင်းတာပဲ' ဟု ကျန်းချန်တွေးနေစဉ် ထိုကောင်လေးကတော့ ဒူးနှစ်ဖက်ကို ဖက်ပိုက်ထားရင်း တဆတ်ဆတ်တုန်နေသည်ကို မြင်ရလေသည်။

BẠN ĐANG ĐỌC
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...