8. I'll protect you

9.5K 1.4K 39
                                    

Zawgyi

ယွိမြောင်နဲ့ စီကျွင်းတို့ ပြန်ရောက်လာချိန်မှာ အန်းလျန်က အဖျားကျလို့ သူ့ရဲ့ အိပ်ယာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့နေပြီ။ ထိုစဉ်မှာ ကျန်းချန်ကလည်း စားပွဲထောင့်မှာ သူ့ရဲ့ laptop နဲ့အတူ ငြိမ်သက်လို့နေတယ်။

အန်းလျန်ကို နိုးသွားစေမှာ စိုးလို့် သူတို့က သူတို့ရဲ့စားပွဲတွေဆီ တိတ်တဆိတ်ပဲဝင်ထိုင်ကြ ပြီး laptop ဖွင့်ကာ ကစားကြတယ်။

ဒါပေမဲ့ အချိန်ခဏအတွင်းမှာ ပဲ သူတို့ရဲ့ ကီးဘုတ်ခေါက်သံ တဒေါက်ဒေါက်က အန်းလျန် ကို နိုးသွာစေနိုင်တာ သဘောပေါက်ပြီး အင်တင်တင်နဲ့ laptop ကို ပိတ်လိုက်ကြပြီး အိပ်ယာဝင်ကြတော့တယ်။

နောက်တစ်နေ့ .....
နေ့လယ်မှာ အန်းလျန် အတန်းတစ်ချိန်ရှိတယ်။

ကံကောင်းစွာ သူ့ရဲ့အဖျားကလည်း လုံးဝကျသွားပြီ။ နေလို့ ထိုင်လို့လည်းကောင်းတော့ သူက သူ့ရဲ့ ဖတ်စာအုပ်တွေကို စုလိုက်ပြီး အတန်းသွားဖို့် တံခါးဆီလျှောက်သွားလိုက်တယ်။ သူမှ တံခါးဘုဆီ လက်မလှမ်းရသေးဘူး အပြင်ထွက်ဖို့လုပ်နေတဲ့ ကျန်းချန်က သူ့ကိုမေးတယ်။

"သက်သာသွားပြီလား...။ အတန်းသွားနိုင်လို့လား..."

အန်းလျန်က အနည်းငယ် ရှက်ဝဲဝဲပြန်ဖြေတယ်။

"သက်သာသွားပြီ ။ အဖျားမရှိတော့ဘူး...တကယ်..."

အား....ဒီလို နေမကောင်းဖြစ်တာမျိုးက အခြားသူတစ်ယောက်ရဲ့အမြင်မှာ ငါ့ကို ကလေးတစ်ယောက်လိုဖြစ်စေပြီး...အထင်သေးသွားတော့မှာပဲ...နေပါဦး...ငါအခု သူ့ရဲ့ ထင်မြင်ချက်ကို စတင်ဂရုစိုက်လာပြီလား....အိုး..နိုး...စီကျွင်းဝဋ်တော့ လည်ပါပြီ။

(TN.စီကျွင်းက ကျန်းချန်အထင်ကြီးအောင်လုပ်တာကို အန်းလျန်ကလှောင်ဖူးတယ်)

"သွားတော့မယ်..." ဟု ခေါင်းကို အသာဆတ်၍ ပြောကာ တံခါးဆီသို့ ဦးတည်လိုက်တယ်။

သူ့ကိုယ်သူအားပေးပြီး စာသင်ခန်းဆီကို သွားကာ ထိုင်နေကျနေရာ စာသင်ခန်း အနောက်နား နံရံဘေးမှာ ထိုင်လိုက်တယ်။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now