38. Attacked

8.1K 1.2K 59
                                    

Unicode

ခေါင်မိုးထပ်မှ ပြန်၍အဆင်း...နောက်ဆုံးတွင်တော့ အန်းလျန်က လက်ရှိအခြေအနေကို ပြန်၍သတိချပ်မိသွားသည်။

'ဘုရားရေ....ကျန်းချန်က ငါ့ကို နမ်း....ငါက ကောင်မလေးတစ်ယောက်ကို ပါးရိုက်လိုက်မိ...ဒါပေမဲ့ ကျန်းချန်က ငါ့ကို နမ်းခဲ့တယ်ပေါ့...'

ကျန်းချန်က အန်းလျန်၏လက်ကို ဆွဲကိုင်ထားရင်းဖြင့် အရှေ့မှဦးဆောင်၍ လျှောက်နေသည်။ အန်းလျန်က သူတို့ အဆောင်ရှိရာကို ပြန်သွားနေသည်အား သဘောပေါက်သွား၏။

' နေ..နေဦး..နေဦးလေ...အခု ဒီ်မယ် ငါတို့နှစ်ယောက်တည်းလေ...ပုန်းစရာနေရာလည်း မရှိဘူး..ယွိမြောင် ဘယ်ရောက်နေတာလဲ..ခုချက်ချင်းပြန်လာ.လို့..ငါ ဒီမှာ အန္တရာယ်ရှိနေပြီ'

အန်းလျန်က မဆိုစလောက် ချောက်ချားနေခဲ့သည်။ ဒီလိုမျိုးတွေဖြစ်ပြီးတဲ့နောက်မှာ သူက ကျန်းချန်နှင့် နှစ်ယောက်တည်းနေရမည်ကို အမှန်အကန်စိုးထိတ်နေခဲ့သည်။

ကျန်းချန်က သူ၏လက်ဆုပ်တွင်းက နွေးထွေးသည့်လက်အသေးကလေးက တုန်ယင်သွားပြီး တစ်ဖန်ပြန်၍ ငြိမ်ကျသွားသည်ကို သတိပြုမိရသည်။ သူ၏ခေါင်းကို အနည်းငယ်ငဲ့စောင်း၍ ကျန်းချန်က ကျီဆယ်စကားပြောလိုက်သည်။

"အဆင်ပြေရဲ့လား လျန်လေး...ကိုယ့်ရဲ့အနမ်းကြောင့် အသက်ရှူ ရပ်သွားတာတော့ မဟုတ်ပါဘူးနော်..."

ကျန်းချန်က သူ့အား ကျီဆယ်နေသည်ကို သိသည့်အတွက် အန်းလျန်က သူ၏ခေါင်းကို တစ်ဖက်သို့စောင်းကာ 'ဟွန့်' ကနဲ အာမေဋိတ်သံပြုလိုက်သည်။ ကျန်းချန်က သူ၏ တုန့်ပြန်မှုတစ်ခုခုရစေရန် အစ်အောက်နေမှန်း သိသော်ငြား သူ့အတွက် အဲဒါက လွယ်ကူမနေခဲ့ပါ။

ကျန်းချန်က တိုးသဲ့သဲ့ ရယ်လိုက်ပြီး စိတ်ကျေနပ်သွားသည်။ ကြည့်ရတာတော့ အန်းလျန်က သူ့ကို မမုန်းပေ။ သူ စိတ်ပူသွားရုံ သက်သက်သာ...။

'ငါတို့ လုပ်လိုက် နိုင်တာပဲ..'

ရှက်ရိပ်သန်းနေသော လူငယ်လေးကို ငေးကြည့်ရင်း ကျန်းချန်က တွေးမိရသည်။

ထို့နောက် ပြန်လှည့်ကာ ကောင်ကလေးကို အဆောင်ခန်းသို့ ဆွဲခေါ်လာခဲ့သည်။ အခန်းရှေ့သို့ရောက်သည်နှင့် တံခါးကိုဖွင့်ကာ အခန်းတွင်းသို့ ဝင်ရန် ကန်တန်တန်ဖြစ်နေသော ကောင်လေးအား ဆွဲ၍ သွင်းလိုက်သည်။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Tahanan ng mga kuwento. Tumuklas ngayon