(U&Z)
"ခင်ဗျား ကျွန်တော်နဲ့ လက်ထပ်လိုက်ပါ ကိုစမ်းရေအေး ..."
အမိန့်ပေးသံတော့ မပေါက်။ ဒါပေမဲ့ အာဏာနည်းနည်းတော့ ရောစပ်နေဟန် ရှိသည်။
"ခင်ဗျားေပြာခဲ့ဖူးတယ် မဟုတ်လား ...ကျွန်တော့်ရဲ့ ကျေးဇူးကြွေးတွေကို ပြန်ဆပ်ချင်ပါသေးတယ်ဆို ...
ဒါဆိုရင် ပြန်ဆပ်ဖို့ အခွင့်အရေးတစ်ခု ကျွန်တော်ပေးမယ် ...
အဲဒီကျေးဇူးကြွေးကို ပြန်ဆပ်ချင်ရင် ကျွန်တော်နဲ့ လက်ထပ်လိုက် ..."တွေ့ဆုံ သိကျွမ်းကြတာ အချိန်သုံးလပဲ ရှိသေးသည့် ကာလတစ်ခုတွင် လက်ထပ်ရန် တောင်းဆိုခံရခြင်း။
ပြီးတော့ တောင်းဆိုလာသူကလည်း သူ့ထက် အသက်သုံးနှစ်လောက်ငယ်ေနသည့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်။
ဒီကောင်လေး အကြောင်းကို စမ်းရေအေး ဘာတစ်ခုမှ ရေရေရာရာ မသိပါ။နောက်ကြောင်း ရာဇဝင်ကို ဘာတစ်ခုမှ မည်မည်ရရ မသိရသေးတဲ့ ကောင်လေးငယ်ငယ် တစ်ေယာက်ကို လက်ထပ်မိရန် အကြောင်းဖန်လာလေပြီ။
ရုပ်ရှင်မင်းသားတွေထက် ချောမောသည့် ရုပ်ရည်ေလး ရှိသလို အမြဲလိုလို အရွဲ့တိုက်နေတတ်သည့် အကျင့်ဆိုးလေးလည်း ရှိနေပြန်သော ထိုကောင်လေး။
သူနဲ့ အကျင့်စရိုက်ခြင်း ဆန့်ကျင်ဘက် ဖြစ်နေသည့် ကောင်လေးတစ်ယောက်ကို သူလက်ထပ် ရတော့မည်လား။
သေချာတာကတော့ သူတို့ နှစ်ယောက်လုံး အခုချိန်ထိ အချစ်ဆိုသော အရာနှင့် မထိတွေ့မိကြသေးပါ။
ဒါဆို ဘာလို့ ရုတ်တရက်ကြီး လက်ထပ်ရမည်လဲ။"မင်း ကိုယ့်အပေါ်မှာ ဘယ်လို သဘောထားရှိေနလဲ ..."
"ကျွန်တော်လား ...ခင်ဗျားကို နည်းနည်းလေးတော့ စိတ်ဝင်စားပါတယ် ..."
စိတ်ဝင်စားနေသည်တဲ့လား။ ဒီကောင်လေးက သူ့ကိုလေ ...။
"ဒါနဲ့ ...ခင်ဗျားဘက်ကရော ကျွန်တော့်အပေါ် ဘယ်လိုလဲ ..."
စမ်းရေအေး ချက်ချင်း အဖြေမပေးမိဘဲ တွေဝေနေဆဲ။
သူကရော ဒီကောင်လေးအပေါ်ကို ဘယ်လိုစိတ် ရှိနေသည်လဲ ...။/
/
"ခင်ဗျားပြောခဲ့ဖူးတယ် မဟုတ်လား ...ကျွန်တော့်ရဲ့ ကျေးဇူးကြွေးတွေကို ပြန်ဆပ်ချင်ပါသေးတယ်ဆို ...
ပြီးတော့ တောင်းဆိုလာသူကလည်း သူ့ထက် အသက်သုံးနှစ်လောက်ငယ်နေသည့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်။
ရုပ်ရှင်မင်းသားတွေထက် ချောမောသည့် ရုပ်ရည်လေး ရှိသလို အမြဲလိုလို အရွဲ့တိုက်နေတတ်သည့် အကျင့်ဆိုးလေးလည်း ရှိနေပြန်သော ထိုကောင်လေး။
/
/
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ