13_U

77.8K 7.5K 1.5K
                                    

LCCI သင်တန်း အပ်ပေးမည်ဟု ဆိုကာ လွှမ်းဧရိယာက စမ်းရေအေးကို အပြင် ခေါ်လာခဲ့သည်။ သင်တန်းရောက်တော့မှ တခြားလူတွေကို မြင်ပြီး လွှမ်းဧရိယာတို့ အတွေး ပြောင်းသွားရပြန်သည်။

“အပြင်မှာ သင်တန်း မတက်နဲ့တော့၊ ကျွန်တော် ခင်ဗျားအတွက် ဆရာခေါ်ပေးမယ်။ အိမ်မှာပဲ သင်တော့။”

“ဟင် ဘာလို့လဲ။”

“နေ့တိုင်း အိမ်နဲ့ သင်တန်း သွားလိုက် လာလိုက် လုပ်နေရမှာစိုးလို့၊ ကျွန်တော်လည်း အမြဲတမ်းကြီး သင်တန်းချိန် အတိအကျ အကြိုအပို့ မလုပ်ပေးနိုင်ဘူးလေ။ တစ်ခါတလေ အချိန် မအားတာတွေ ရှိနိုင်မှာ။”

“ရပါတယ်။ ကိုယ့်ဘာသာပဲ အသွားအပြန် လုပ်လိုက်မယ်လေ။ ကိုယ်သွားတတ် လာတတ်ပါတယ် လွှမ်းငယ်ရယ်။”

“ခင်‌ဗျား တစ်ယောက်တည်းဆို စိတ်မချလို့ပေါ့။ တစ်ယောက်တည်းသွား တစ်ယောက်တည်းလာနဲ့။”

“ကိုယ်က မင်းပင်ပန်းမှာစိုးလို့ပါ။ အစပိုင်းတော့ တစ်ယောက်တည်း ဖြစ်နေပေမဲ့ နောက်ပိုင်း သင်တန်းမှာ အဖော်တွေ ဘာတွေ ရသွားမှာပဲလေ။
အဲ့ကျရင် အသွားအပြန် လုပ်ဖို့ မိတ်ဆွေတွေ ဘာတွေ ရှိလာမှာပါ။ ကိုယ်တစ်ယောက်တည်း ဖြစ်နေလည်း ခဏပေါ့။”

စမ်းရေအေး ထိုသို့ ပြောလိုက်တော့မှ လွှမ်းဧရိယာက သူ့ကို မျက်မှောင်ကျုံ့၍ ပြန်ကြည့်လာ‌ေတာ့သည်။ သင်တန်းရှေ့တွင် ရပ်ထားသည့် ကားထဲမှာပင် နှစ်ယောက်သား ရှိနေကြဆဲ။

“အဲ့ဒါကမှ ပိုဆိုးတာ။”

“ဟမ် ဘာကို။”

“အပေါင်းအသင်းတွေ ရလာတော့မှ အိမ်မပြန်ဘဲ ခြေရှည်နေမှာလေ။”

“ဪ လွှမ်းငယ်ရယ်၊ ကိုယ်ပြောချင်တာက ကိုယ်တစ်ယောက်တည်း ဖြစ်နေရင် မင်းစိတ်ပူနေမှာစိုးလို့ သင်တန်းမှာ မိတ်ဆွေ ရသွားမှာပါလို့ ဒီအတိုင်းပဲ ပြောလိုက်တာပါ။ သင်တန်းပြီးတာနဲ့ ကိုယ် အိမ်ပဲ တန်းပြန်ပါ့မယ် စိတ်ချ၊ ကိုယ် အဲ့လိုတွေလည်း လျှောက်မလည်တတ်ပါဘူးကွာ။”

“ခင်ဗျားက မလည်ချင်လည်း သူများတွေက ဆွယ်မှာပဲလေ။ ခင်ဗျားက နုံက နုံနဲ့၊ လူကောင်းမှန်းမသိ လူဆိုးမှန်း မသိတွေနဲ့ ပေါင်းမိနေဦးမယ်။”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now