9_U

77.5K 7.8K 1.4K
                                    

နောက်တစ်နေ့မှာပဲ လွှမ်းဧရိယာက သူ့အသိ ရှေ့နေအစ်ကို တစ်ယောက်ကို တိုက်ခန်းသို့ ခေါ်ချလာခဲ့သည်။ နှစ်ယောက်သား လက်ထပ်စာချုပ် တစ်ခုမှာ လက်မှတ်ထိုးဖြစ်ခဲ့ကြသည်။ သူတို့ရဲ့ တိုက်ခန်းလေးထဲမှာ ဘယ်သူ့ကိုမှ ခေါ်မထား၊ ဖိတ်မထားခဲ့။ ဖြိုးကုဋေကိုပင် ဖုန်းဆက်၍သာ အသိပေးလိုက်တာမျိုး။ အသိသက်သေ နေရာတွင်တော့ ရှေ့နေအစ်ကိုကသာ လက်မှတ်ထိုးပေးလေသည်။

“ဒီလင် ဒီမယား ...ဪ မှားလို့။”

လက်မှတ်ထိုးပြီးနောက် ရှေ့နေအစ်ကိုက သူတို့ကို ဆုတောင်းပေး‌ရန် လုပ်သည်။ မိန်းမ ယောက်ျား စုံတွဲတွေကိုသာ အကျိုးဆောင်ပေးခဲ့ရဖူးသည့် ရှေ့နေမို့ စကားလုံး ရွေးချယ်မှုက မှားနေရသေးသည်။
သူကိုယ်တိုင် ပြောပြီး သူတစ်ယောက်တည်း ပြန်ရယ်နေသေး၏။ သူ့စကားကြောင့် လွှမ်းနဲ့ ရေအေးလည်း ပြုံးမိသွားကြ‌ရသည်။

“မောင်စမ်းရေအေးနဲ့ မောင်လွှမ်းဧရိယာတို့ ဒီနေ့ကစလို့ အိမ်ထောင်ဖက်တွေ ဖြစ်သွားကြပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိစွာနဲ့ အိုအောင် မင်းအောင် ပေါင်းသင်း နိုင်သွားကြပါစေဗျာ။”

“ပေးတဲ့ဆု ပြည့်ပါစေ။”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။”

ရှေ့နေအစ်ကိုက သူ့အလုပ် သူလုပ်ပေးပြီးနောက် ပြန်သွားသည်။
မပြန်ခင်မှာ လွှမ်းဧရိယာနဲ့ ခဏလောက်တော့ စကားတွေ ပြောသွားသေးသည်။ အကြောင်းအရာကိုတော့ စမ်းရေအေးလည်း သေချာမသိပါ။ အလုပ်ကိစ္စဟု ထင်ရသော အကြောင်းကို ထိုင်ပြောနေကြခြင်းပင်။
နှစ်ယောက်တည်း ကျန်နေခဲ့တော့မှ လွှမ်းဧရိယာက စကား စပြောလာခဲ့၏။

“ကျွန်တော်တို့ ဧည့်ခံပွဲ ဘာညာ လုပ်ချင်သေးလား။ ခင်ဗျား ဆန္ဒရှိတယ်ဆိုရင် ကျွန်တော် စီစဉ်ပေးပါ့မယ်။”

“ဟင့်အင်း ဟင့်အင်း ...ရပါတယ်။ မလိုပါဘူး။”

စမ်းရေအေးက အလန့်တကြား အကြောက်အကန် ပြန်ငြင်းနေရှာသည်။
သူ့ပုံစံကို မြင်တော့ လွှမ်းက ထရယ်သည်။

“အဟား ...ဘာဖြစ်တာတုန်း၊ ဘာလို့ အသည်းအသန် ငြင်း‌တာလဲ။
ကျွန်တော်နဲ့ မင်္ဂလာပွဲ လုပ်ပြီး လူကြားထဲ လက်တွဲလျှောက်ရမှာ အဲ့လောက်ထိ ကြောက်လား။”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now