2_U

77.3K 8.1K 1K
                                    

ညနေခင်းပိုင်း ရပ်ကွက်ထိပ် လက်ဖက်ရည်ဆိုင်တွင် လမ်းထဲမှ အသိ အစ်ကို နှစ်ယောက်နှင့် ဖြိုးကုဋေ ထိုင်နေဖြစ်သည်။ သူ ထိုင်နေတုန်းမှာပဲ လွှမ်းဧရိယာ ဆီမှ ဖုန်းဝင်လာ‌ေတာ့သည်။

“ငါမင်းဆီ လာမလို့၊ မင်း ဘယ်မှာလဲ။”

“လမ်းထိပ်က ဦးချိန်ကြီး လက်ဖက်ရည်ဆိုင်မှာ ...”

ထိုင်‌ေနကျ ရပ်ကွက်ထိပ်မှ ဦးချိန်ကြီး လက်ဖက်ရည်ဆိုင်ဟု ပြောလိုက်သည်နှင့် လွှမ်းဧရိယာကလည်း တန်းသိ၏။ ရပ်ကွက်ထဲကို လွှမ်းဧရိယာ ရောက်ချလာတော့လည်း ထုံးစံအတိုင်း ခြေလျင်ပါပဲ။ တစ်ခါတစ်ရံမှသာ ဆိုင်ကယ်တွေ ကားတွေ ယူလာတတ်တာ ဖြစ်သည်။

ဖြိုးကုဋေက လွှမ်းရဲ့ အကျင့်ကို သိနေသူမို့ သောက်စရာ မှာခါနီးတွင် မေးရ‌ေသးသည်။

“ဘာသောက်မှာလဲ လွှမ်း...ထုံးစံ အတိုင်းပဲလား။”

“အင်း ...ကိုလာပဲ။”

ရပ်ကွက် လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖို့ ဖြစ်လာတိုင်း ဘယ်တုန်းကမှ လက်ဖက်ရည် ကော်ဖီ မှာမသောက်တတ်သူက လွှမ်းဧရိယာပင်။

“ညီလေးရေ ...ကိုလာတစ်ဘူး။ ဖန်ခွက်ပါ ယူလာခဲ့‌ေပးနော်။”

စားပွဲထိုးလေးအား သောက်စရာ လှမ်းမှာ ပေးတော့လည်း ဖြိုးကုဋေကသာ။

“ဟ ငါ့ညီက လက်ဖက်ရည် မကြိုက်ဘူးလားကွ။ ဟိုတစ်ခါကလည်း ကိုလာပဲနော်။”

တစ်ဝိုင်းတည်း အတူ ထိုင်နေသည့် အစ်ကိုတစ်ယောက်က လွှမ်းကို ပြောလာခဲ့သည်။ ပြီးခဲ့သည့် တစ်ခေါက်ကလည်း ဒီလူ‌ေတွနဲ့ပဲ အတူ လက်ဖက်ရည်ဆိုင် ထိုင်ဖူးခဲ့သေး‌တာကြောင့် မှတ်မိနေပုံ ရသည်။

“ကျွန်တော် သိပ်မသောက်တတ်လို့ပါ။”

“စမ်းသောက်ကြည့်ပါဦးကွာ ...တို့ရပ်ကွက်က ဦးချိန်ကြီးရဲ့ လက်ဖက်ရည်က ရှယ်မိုက်တာ‌ေနာ်။”

“လုပ်မနေနဲ့ အစ်ကိုရေ ...ဒီကောင်က ဒါမျိုးတွေ မကြိုက်ဘူး။ သူ့အကြိုက်က နည်းနည်း ချေး(ဂျေး)များတယ်။”

ဖြိုးကုဋေက ကြားကနေ ဝင်ပြော‌ေနပြန်သည်။

“အိုကေ အိုကေ ...”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now