(Extra_2) Unicode

56.6K 5.6K 571
                                    

"အသစ်အဆန်းများနဲ့ ကစားခြင်း ... "

                 **********

တစ်ပတ်ကို တစ်ခါလောက်တော့ သူ့အဒေါ်တွေ နေတဲ့ ရပ်ကွက်ထဲကို စမ်းရေအေး ရောက်လာဖြစ်ပါ၏။ အချိန်မရတဲ့ အခါမျိုးကျရင်တော့ မလာဖြစ်တော့ပေ။ သူ လာလည်ဖြစ်တိုင်း သူ့အမျိုးတွေ အတွက် စားစရာ‌ေတွနဲ့ လက်ဆောင်ပစ္စည်းတွေကတော့ မပါမဖြစ် ယူလာမိသည်။

"ရေအေးရယ် ...နောက်ဆို နင်လာရင် လူပဲလာခဲ့စမ်းပါ ...ဘာလက်ဆောင်မှ မသယ်လာခဲ့နဲ့ ရတယ် ...နင့်ယောက်ျားလေးက ငြိုငြင်နေမှဖြင့် ...နင်တို့တွေ စကားတွေ ဘာတွေ များနေရပါဦးမယ်ဟယ် ..."

သူ့အဒေါ်  ဒေါ်ခင်ကလျာက အခုထိ လွှမ်းဧရိယာကို ရှိန်နေဆဲပင်။ သိန်းထောင်ဂဏန်းနီးပါးသော အကြွေးတွေကို ဆပ်ပေးထားသည့် ကျေးဇူးတွေကိုလည်း မမေ့နိုင်။ လွှမ်းဧရိယာ ငြိုငြင်မည့် ကိစ္စမှန်သမျှ ဘာမှကို မထိရဲ မကိုင်ရဲ မလုပ်ရဲတော့တာမျိုး။

"ရပါတယ်ဗျာ ...လွှမ်းငယ်က အရင်လို သိပ်မဟုတ်တော့ပါဘူး ...ဒီပစ္စည်းတွေ ဝယ်လာပေးလို့လည်း သူကျွန်တော့်ကို ဘာမှမပြောဘူး ...
ဒါတွေ ဝယ်ဖို့တောင်မှ သူကိုယ်တိုင် လိုက်ပို့ပေးသေးတယ် ..."

လွှမ်းငယ်က အရင်ကလို စမ်းရေအေး အမျိုးတွေနဲ့ ပတ်သက်လာရင် ကဲကဲဆတ် ဖြစ်မနေတော့ပါ။ စမ်းရေအေးကပဲ ယောက်ျားဖြစ်သူကို နားဝင်အောင် ချော့ပြောနိုင်ခဲ့လို့လား မသိ။

သူကိုယ်တိုင်ကလည်း ပြည့်စုံပြေလည်နေပြီမို့ သူ့အဒေါ်မိသားစုကိုပါ နည်းနည်းပါးပါး ပြန်ကြည့်ပေးချင်သည့် သဘောပင်။ အများကြီး မဟုတ်တောင်မှ လာလည်ဖြစ်တဲ့အခါ လက်ဆောင်လေးတွေ စားစရာလေးတွေတော့ ဝယ်လာပေးချင်မိသည်။

ဒီရပ်ကွက်ထဲမှာလည်း စမ်းရေအေးရဲ့ နာမည်သတင်းက ကောင်းလှ၏။ အိမ်ထောင်ကျ ကံကောင်းကြောင်းနှင့် ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည့် အဒေါ်ရဲ့ အကြွေးတွေကိုပါ ဆပ်ပေးမှုတို့ကြောင့် လိမ္မာသိတတ်သော တူလေးအဖြစ် သတင်းမွှေးနေသည်။

အစတုန်းကတော့ ယောက်ျားလေးချင်း ယူထား၍ ကဲ့ရဲ့ နှာခေါင်းရှုံ့ခဲ့ကြသေးသော ပတ်ဝန်းကျင် ဖြစ်သည်။ အခုကျတော့ စမ်းရေအေးရဲ့ အခြေအနေကို ကြည့်ပြီး ဘယ်သူကမှ အထင် မသေးရဲကြတော့ပါ။
ရထားသည့် ယောက်ျားကလည်း အသက်ကြီးကြီး ဗိုက်ရွှဲရွှဲ မဟုတ်။ ငယ်ရွယ်ချောမောသော စီးပွားရေးသမားလေးလည်း ဖြစ်နေသေးသည်။ အမျိုးသားဖြစ်သူဘက်မှ မိသားစုကလည်း ကြည်ဖြူချစ်ခင်ကြသေးသည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now