(Extra_3) U+Z

51.8K 5.8K 360
                                    

(Unicode)

"ခဏတာ ဝေးကွာရမည့်အချိန် ..."




ကျောင်းပြန်တက်ဖို့ အစီအစဉ် စပြီး ရှိခဲ့တဲ့ နေ့မှစ၍ တစ်နှစ်စွန်းစွန်းလောက် ပြင်ဆင်အချိန်ယူပြီးနောက် လွှမ်းဧရိယာ ကျောင်းဆက်တက်ဖို့ အချိန်ကျလာရသည်။ သူက USမှ ကျောင်းတစ်ခုကို လျှောက်ထားတာ ဖြစ်သည်။

ခွဲခွာဖို့ အချိန်နီးလာလေ လွှမ်းတို့က ယောက်ျားဖြစ်သူ အနားမှ မခွာလေပင်။ အမှတ်တရ နေ့ရက်တွေကို ချစ်ခြင်းတွေနှင့်သာ ဖန်တီးယူကြသည်။

လွှမ်းကို လေဆိပ်အထိ လိုက်ပို့တော့ စမ်းရေအေးအပြင် မြသစ်နွေယံနှင့် ဖြိုးကုဋေတို့သာ ပါလာခဲ့သည်။ လူကြီးတွေကိုတော့ အိမ်မှာသာ နှုတ်ဆက်ကန်တော့ခဲ့ပြီး လေဆိပ်ထိ မလိုက်ဖြစ်ကြတော့ပါ။

ထွက်ခွာခါနီး နှုတ်ဆက်ကြတော့ ကုဋေနဲ့လွှမ်း သူငယ်ချင်းနှစ်ယောက် လက်ဝါးချင်း ရိုက်လိုက်ကြသည်။ နှစ်ယောက်သား ပြောစရာ စကားတွေက အရင်ရက်တွေတည်းက လုံလောက်ခဲ့ပြီမို့ သိပ်အများကြီးတော့ မပြောဖြစ်ကြ။

"အဆက်အသွယ် မပြတ်စေနဲ့ ငါ့ကောင်..."

"ဒါတော့ စိတ်ချ ..."

နွေယံကလည်း မောင်ဖြစ်သူကို စကားရှည်ရှည်ဝေးဝေးတွေ မပြော။ တစ်ခါလောက်ဖက်ပြီး ...

"စာကြိုးစားဖို့ကတော့ ပြောဖို့လိုမယ် မထင်ပါဘူး ...ငါ့မောင်က တော်ပြီးသားပဲ ...USမှာ ကျောင်းသွားတက်ရတာ လွတ်လပ်ပြီး ပျော်စရာတွေများပေမဲ့ အလွန်အကျွံတော့ မလုပ်နဲ့ ...မိန်းမကိစ္စ မရှောင်နိုင်ရင်တောင် ဆေးကိုတော့ ရှောင် ...ကြားလား ..."

"ဘာတွေ လာပြောနေတာလဲ ...ကျွန်တော်က ဖောက်ပြန်စရာလား ..."

မောင်နှမနှစ်ယောက် ဖက်ထားရာကနေ ခွာလိုက်ကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်နေကြသည်။

"ဟဲ့ ...ဟိုမှာက အားလုံးက ရှေးရိုးမစွဲဘူးလေ ...အကုန်လုံး ပေါ့ပေါ့ပါးပါးပဲ နေကြတာ ...မိန်းကလေးတွေကလည်း အရမ်းပွင့်လင်းတယ် ...ကျောင်းသားတွေကြားမှာ အပတ်တိုင်း လုပ်တဲ့ ပါတီတွေက အများကြီး ...ဖောက်ပြန်ဖို့ တမင် မရည်ရွယ်ရင်တောင်မှ one night stand လောက်တော့ ဖြစ်မှာပဲ...နင်လည်း ယောက်ျားပဲ ..."

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now