သွားမည့်နေရာကို ရောက်လာတော့မှ မွေးနေ့တစ်ခု အတွက် ပွဲဖြစ်ေနမှန်း စမ်းရေအေး သိလိုက်ရတော့သည်။ ကလပ်တစ်ခု၏ VIP သီးသန့်အခန်း တစ်ခုထဲမှာ လွှမ်းဧရိယာရဲ့ မိတ်ဆွေ သုံးလေးယောက် ရှိနေခဲ့သည်။ ပြီးတော့ ဖြိုးကုဋေကိုလည်း တွေ့မိ၏။
“ကိုစမ်းရေအေးပါ ပါလာတာပဲ။ မထင်ထားဘူး။ လိုက်လာမယ်လို့။”
“အင်း ဒီလိုပါပဲ။ လိုက်ဖြစ်သွားတယ် ဆိုပါတော့။”
ကုဋေ ့အမေးကို စမ်းရေအေး ဖြေလိုက်ပေမဲ့ လွှမ်းကပါ ဘေးကနေ ရယ်သံတချို့နှင့်။
“ငါ့ကို လိုက်စောင့်ကြည့်တာတဲ့ ဟေ့ကောင်ရေ။”
“ဟင် တကယ်လား။”
ဖြိုးကုဋေပါ လိုက်ရယ်နေခဲ့သည်။ တခြား မိတ်ဆွေတွေကတော့ မင်္ဂလာဦး ဆွမ်းကျွေးတုန်းကလည်း တက်ခဲ့ကြသူတွေ ဖြစ်နေ၍ စမ်းရေအေးကို သိနေကြပါ၏။ အထူးတလည်တော့ မိတ်ဆက်နေစရာ မလိုခဲ့။
ယောက်ျားဖြစ်သူကိုပါ ခေါ်လာခဲ့၍ အထူးအဆန်း ဖြစ်သွားကြရုံသာ ရှိသည်။ပွဲစ,တော့ ယောက်ျားလေးတွေ သဘာဝ သီးသန့်အခန်းထဲကို မိန်းမလှလေးတွေပါ ခေါ်သွင်းလာခဲ့သည်။ လွှမ်းက သူ့အနားမှာ မိန်းကလေး နှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက် ခေါ်ထားလိုက်တော့ စမ်းရေအေးက အလိုလို ဘေးရောက်သွားရသည်။ သူတို့က ဆိုဖာရှည်တစ်ခုတည်းမှာ ထိုင်နေကြတာပင်။ လူလေးယောက်လောက် ကောင်းကောင်းဆန့်သည့် နေရာဖြစ်ပေမဲ့ စမ်းရေအေးကတော့ ဘေးအစွန် ထောင့်မှာသာ ကပ်ထိုင်နေခဲ့သည်။
“ကုဋေ ...”
“ဟုတ် အစ်ကို။”
“မင်းသူငယ်ချင်း အဲဒါ ဘာအထာလဲ။”
မျက်စိရှေ့မှ မထော်မနမ်း ဖြစ်အင်ကို ကြည့်ရှု့နေကြရသည့် လူတွေက အချင်းချင်း ကပ်တိုးလေး ပြောနေရတော့သည်။
“ယောက်ျားလုပ်တဲ့သူကိုလည်း ခေါ်လာသေးတယ်။ ရှေ့တင်ပဲ ပေါ်တင် ကဲတော့မလို လုပ်နေသေးတယ်။ ဒီကောင် ဘယ်တုန်းကများ အဲ့လို ကောင်မလေးတွေ တရုန်းရုန်းနဲ့ လုပ်ဖူးလို့လဲ။
ငါတို့နဲ့ တွဲလာသမျှ တစ်ခါမှ သူ့ကို ဒီလို မမြင်ဖူးပါဘူး။ ဘယ်လို ဖြစ်တာလဲ။ သူ့ယောက်ျား ပါလာတဲ့နေ့ကျမှ။”
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ