4_U

69K 7.5K 913
                                    

အန်တီဒေါ်မိုးမိုးအေးက အားသည့်အခါ အိမ်လာခဲ့ရန် လွှမ်းဧရိယာကို ခေါ်ထားသည်။ ပြီးခဲ့သည့် အပတ်က ဒေါ်ခင်ကလျာကြီးနဲ့ ဖြစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ခေါ်ပြောတာပဲ ဖြစ်လောက်မည်။
ဖြိုးကုဋေကလည်း ခန့်မှန်း၏။ ဖြစ်နိုင်လောက်သည်တဲ့။

ဖြိုးကုဋေ၏ မိဘတွေကိုတော့ လွှမ်းဧရိယာက လေးစားသည်။
ဂျစ်ကန်ကန် ပြန်မပြောတတ်ပါ။ ဆုံးမစကားတွေ ပြောရင်လည်း ‌ငြိမ်၍ နားထောင်ပေးတတ်သည်။
သူ့အိမ်မှ လူကြီးတွေကို ကလန်ကဆန် မလုပ်ရဘူး ဆိုသော အချက်ကလွဲလျှင် ကျန်သည့် ဩဝါဒ မှန်သမျှ သူလက်ခံပေးတတ်သည်။

ကလေးဘဝ ဆင်းရဲနိမ့်ပါးခဲ့သည့် တစ်ချိန်တုန်းက ဖြိုးကုဋေရဲ့ မိဘတွေက သူ့အပေါ် ကောင်းပေးခဲ့ကြသည်။ ကျောင်းသုံးပစ္စည်း၊ မုန့်ပဲသရေစာ၊ အဝတ်အစား၊ ကစားစရာတွေကအစ ဝယ်‌ခြမ်းပေးတတ်ဖူးသည်။ နွေရာသီ ကျောင်းပိတ်ရက်တွေ ဆိုလျှင်လည်း သူတို့ မိသားစု ခရီးသွားဖြစ်သည့်အခါတိုင်း လွှမ်းကိုပါ ခေါ်သွားပေးတတ်သည်။
အသေးအဖွဲလေးတွေ ဆိုပေမဲ့ ဒီလို ပျော်ရွှင်မှုလေးတွေကိုတော့ သူမမေ့ပါ။ ဒါကြောင့် ဖြိုးကုဋေ မိဘတွေကို သူသဘောကျ၏။
လူကြီးသူမ အရာ ထားတတ်၏။

ဖြိုးကုဋေတို့ အိမ်နားရောက်လာတော့ တစ်ဖက်ခြံမှ ခြံတံခါး အပြာလေးကလည်း ပွင့်လာခဲ့သည်။ ကားတစ်စီးက ထိုခြံထဲ ဝင်ရန် အဝင်ဝမှာ ရှိနေခဲ့သည်။
ခြံတံခါး ဖွင့်ပေးလာသူက နှစ်ယောက်။ တစ်ယောက်က စမ်းရေအေး ဆိုသည့်လူ။ နောက်တစ်ယောက်က သူကြည့်မရသော ဒေါ်ခင်ကလျာကြီး။

လွှမ်းက ဆိုင်ကယ်ကို ဖြိုးကုဋေတို့ ခြံထဲထိ မောင်းမဝင်သေးဘဲနဲ့ တမင် ခြံဝမှာ ရပ်နေလိုက်သည်။ ဆိုင်ကယ်ပေါ်ကနေလည်း မဆင်း။
ဟဲမက်ကို ချွတ်ပြီး တစ်ဖက်ခြံကို ခပ်တည်တည်ပဲ လှမ်းကြည့်နေတာမျိုး။

ဒေါ်ခင်ကလျာက ကားထဲမှ လူကို ပြုံးရွှင်စွာ ကြိုဆိုနေသည်။
သူ(မ)ကိုယ်တိုင် ခြံရှေ့ထိ ထွက်ကြိုနေသည်အား ကြည့်ရတာ ကားထဲမှ လူက အရေးကြီးပုဂ္ဂိုလ် ဖြစ်နိုင်သည်။
ဘွားတော်ကြီးရဲ့ အပြုံးက နားရွက် တက်ချိတ်နေသည်အား သူမြင်နေရပါ၏။ ကားမှန်တံခါးတွေက ချထားတာကြောင့် ကားမောင်းလာသည့် အထဲမှ လူကိုလည်း သူမြင်နေရသည်။ သူတို့ထက်တော့ အသက်အများကြီး ကြီးနိုင်သည်။ အသက် ၂၈၊ ၃၀ဝန်းကျင်လောက် ရှိနိုင်မည့် ခပ်ချောချော ယောက်ျားတစ်ယောက်ပါပဲ။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now