(Unicode & Zawgyi)
(A/N_ Happy New Year အတွက် အခန်းဆက် အတိုလေး ရေးေပးတာပါ။ သိပ်မရှည်ပါဘူး။)
***** ***** *****
သားဖြစ်သူနဲ့ သမက်ဖြစ်သူကို နှစ်ကုန်မှာ ပြုလုပ်တဲ့ ညနေခင်း ပါတီတစ်ခုဆီသို့ ဦးလွှမ်းသူရိန်က ခေါ်ေဆာင်သွားခဲ့သည်။ စီးပွားရေးသမားတွေအပြင် သူတို့နဲ့ ဆက်စပ်ေသာ အသိုင်းအဝိုင်းက လူတွေချည်း တက်ရောက်ကြသည့် ပွဲပင်။
စတင် အခြေချစ ပြုလာပြီဖြစ်သော လွှမ်းဧရိယာရဲ့ company အတွက် စီးပွားရေး အသိအကျွမ်း မိတ်ဆွေတွေ ပိုတိုးလာအောင် ဦးလွှမ်းသူရိန်က ရည်ရွယ်ခြင်းပင်။ တကယ်တမ်းကျတော့ ပါတီမှာ အသိတွေနဲ့ လိုက်မိတ်ဆက်ပေးခြင်းက လွှမ်းဧရိယာကို မဟုတ်ခဲ့။ သမက်ဖြစ်သည့် စမ်းရေအေးကိုသာ အဓိက ပွဲထုတ်နေခဲ့တော့သည်။ သူ့သမက်အတွက် စီးပွားရေးသမား မိတ်ဆွေတိုးအောင် လူတိုင်းနီးပါးနဲ့ မိတ်ဆက်ပေးနေလေသည်။
လွှမ်းဧရိယာတို့ကတော့ ခေါ်လို့သာ လိုက်လာခဲ့ရသည်။ ဖခင်ဖြစ်သူနဲ့ သိပ်မကပ်ပေ။ သူ့ဘာသာ သီးခြားနေသည်။ တကယ်ဆို ဒီပွဲမှာ ရောက်လာခဲ့ကြသည့် တစ်ဝက်လောက်က သူနဲ့ အနည်းအကျဉ်း သိသူတွေချည်းပင်။
လွှမ်းဧရိယာတို့က နဂိုတည်းက အသက်သာ ငယ်သည်။ လက်တံကတော့ ခပ်ရှည်ရှည်ပင်။ မိသားစုဆီက ဘာအကူအညီမှ မယူဘဲနဲ့တောင် ဒီအခြေအနေအထိ ဖြစ်လာခဲ့သေးတာပဲ။
သူ့အမျိုးသား စမ်းရေအေးကို ပွဲထုတ်နေခဲ့သည့် အဖေဖြစ်သူအား လွှမ်းဧရိယာတို့ ဘာတစ်ခုမှ ဝင်မတားမိ။ ကြည်ကြည်ဖြူဖြူပင် ကြည့်နေလိုက်သည်။ သူက ရေအေးလေးကို ဒီလိုမျိုး ယုံကြည်မှုရှိရှိနဲ့ လူဝင်ဆန့်စေချင်တာ ဖြစ်သည်။ သူနဲ့ လက်ထပ်ကာစတုန်းကလို မဟုတ်တော့သည့် ရေအေးလေးကို သူကျေနပ်သည်။
နက်ပြာရောင် Suit အပြည့်အစုံနဲ့ သူ့အမျိုးသား စမ်းရေအေးက ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေလျက်။ အားနည်းချက်တွေနဲ့ စိတ်အားငယ်နေတတ်သည့် အရင်က စမ်းရေအေး မဟုတ်တော့။
ဖခင်ဖြစ်သူ အနားမှ ရေအေးလေးကို မကြာခဏ လှမ်းငေးကြည့်ရင်း လွှမ်းဧရိယာတစ်ယောက် ပြုံးနေမိသည်။ သူကတော့ ကျောင်းတုန်းက မိန်းကလေး သူငယ်ချင်း တချို့နဲ့ ပါတီမှာ ပြန်ဆုံမိနေတာမို့ စကားလက်ဆုံကျနေရ၏။ သူငယ်ချင်းဟောင်းတွေနဲ့ စကားပြောနေရင်း အမျိုးသားဖြစ်သူဆီကိုလည်း အကြည့်က ရောက်ရောက်သွားမိသေးသည်။
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ