ကျေးဇူးတင်လွှာ (U+Z)

24.4K 3K 279
                                    

Fic တစ်ပုဒ် ရေးပြီးသွားတိုင်း ကျေးဇူးတင်စကားလေးတော့ မပြောမဖြစ် ပြောရမှာပေါ့။
ပြီးတော့ ongoingရေးနေတဲ့ အချိန်မှာ ကြုံရတဲ့ အမှတ်တရလေးတွေရော ပြောချင်သေးတယ်။

Vote တွေ commentတွေ ပေးခဲ့ကြတဲ့ သူတွေရော၊
Silent reader လေးတွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။
Unicode ရော Zawgyiပါ တကူးတက နှစ်မျိုးလုံး voteပေးကြတဲ့ reader လေးတွေကိုလည်း မမေ့မလျော့ ကျေးဇူးတင်မိတယ်။

အစမှ အဆုံးထိတိုင် ခံစားပြီး ဖတ်ပေးခဲ့ကြတဲ့ reader တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးများကြီး များကြီး တင်မိပါတယ်။
ယုံယုံကြည်ကြည်နဲ့ Ongoing လိုက်ခဲ့ပြီး အတူရင်ခုန်ပေးခဲ့ကြ၊ အတူ ငိုကြရ၊ အတူ ရယ်ကြခဲ့ရတဲ့ အချိန်လေးတွေ အတွက်လည်း ကျေးဇူးတင်ပါတယ်။

တလှုပ်လှုပ်နဲ့ သွားနေတဲ့ ကျနော့်ခရီးလေးနောက်ကို တလှုပ်လှုပ်နဲ့ ကောင်းကောင်းဆိုးဆိုး လိုက်ခဲ့ပေးကြတာက ရထားလေးနဲ့ ခရီးသွားနေရသလိုပါပဲ။

ဒီ fic‌ေလး Ongoing ရေးရင်း နေမကောင်း နှစ်ခါလောက် ဖြစ်ခဲ့ဖူးတယ်။
ကျန်းမာစေဖို့ ဆုတောင်းပေးကြတယ်။
ကျနော် အမြဲမှတ်ရနေမှာပါ။

Rpတွေ မပြန်မိတာကိုလည်း ရွှေစိတ်တော် မခုကြပါနဲ့ဦး။
အပိုင်းတိုင်း comment ပျှမ်းမျှ လေးငါးရာကျော်လောက်ကို တစ်ယောက်တည်း ထိုင်ပြန်ဖို့က အချိန်အတော်ယူရပြီး တစ်ခါတလေဆို စကားအမှား မပါချင်လို့ ဘာပြန်ဖြေရမှန်း မသိတာ‌မျိုးတွေ ရှိပါတယ်။

တစ်ရက်တည်း လုပ်ရမဲ့ကိစ္စ မဟုတ်ဘဲ နေ့တိုင်း တစ်ယောက်မကျန် rpပြန်ဖို့က ခက်ခဲလို့ပါ။
မဖြစ်မနေ ပြန်ဖြေရမဲ့ commentတွေကိုပဲ ကွက်ပြီး rpပြန်မိပြန်တော့လည်း ကျနော်တို့ကို ဘာပြောကြလဲဆိုတော့ သာသာတွေက သူတို့နဲ့ ရင်းနှီးတဲ့သူတွေကိုပဲ rpပြန်တယ်ဆိုပြီး ဖြစ်ကြပြန်ရော။

တကယ်ဆို fbမှာ သိ‌ေနတဲ့ သူတွေကို wpရောက်ရင် ကျနော် မမှတ်မိတော့တာများပါတယ်။
acc name တွေက မတူဘူးလေ။

comment အားလုံးကို လိုက်ဖတ်ပါတယ်။
ပြီးရင် ANမှာ စုပြီး ပြန်ဖြေပေးပါတယ်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now