သာမန်လူတန်းစား အများစုသာ နေထိုင်သော ရပ်ကွက်တစ်ခုမှာ ဖြစ်သည်။ ရပ်ကွက်ထိပ် ကားလမ်းမကြီး အပေါ်ရှိ ကုန်း(ဂုံး)ကျော် တံတားကြီးအောက်တွင် နေ့လည်ခင်းပိုင်းမို့ လူသိပ်မရှိပေ။ ညနေခင်းပိုင်းတွေ ဆိုလျှင်တော့ လူအနည်းငယ် ပိုများတတ်သော နေရာသာ ဖြစ်သည်။
ပျံကျဈေးသည်များ ခုံချ တည်ခင်းပြီး လာရောက် ဈေးရောင်းချခွင့် မရှိသော နေရာ။ လူအများ ထိုင်နိုင်အောင် ပြင်ဆင်မွမ်းမံထားသော public နေရာ။
ထိုတံတားအောက်သို့ အပျော်တမ်း တီးဝိုင်းအဖွဲ့လေးတွေ တစ်ခါတစ်ရံ ရောက်လာတတ်ပြီး ဖျော်ဖြေလေ့ရှိကြသည်။ များသောအားဖြင့် စက်ဘီး၊ စကိတ် စတန့်သမား အဖွဲ့တွေသာ ရောက်လာတတ်ကြသည်။ အားလုံးက ဝါသနာအရ အပျော်တမ်း ကစားကြသည့် လူငယ်အဖွဲ့များသာ။
တံတားအောက်ရှိ စက်ဘီး၊ စကိတ် စီးလို့ရမည့် နေရာအား လူအသွားအလာ နေရာတွေနှင့် ကန့်သတ်ပြီး ခွဲထားပေးတာေကြာင့် အဆင်ပြေလှသည်။ အများပြည်သူကိုလည်း အနှောက်အယှက် မဖြစ်ေတာ့ပေ။
ယခု ထိုနေရာ အရပ်အဝန်းတွင် လူငယ်လေး တချို့က အုပ်စုလိုက် ရှိနေကြလေ၏။ အားလုံးက ဆယ်ကျော်သက်မှ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်များသာ။ ငါးယောက်ခန့် ရှိသော လူငယ်အုပ်စုသည် စကိတ်ဘုတ် ကိုယ်စီဖြင့် စတန့်ပြကွက်များ ကစားနေကြခြင်း ဖြစ်သည်။
သူတို့အထဲမှ တစ်ယောက်ကတော့ ဘတ်စကတ်ဘောပုတ်၍ ကစားနေလေ၏။ စကိတ်စီးပြီးလျှင် ဘတ်စကတ်ဘော သွားကစားကြမည် ဆိုသော ရည်ရွယ်ချက်ဖြင့် တစ်ယောက်က ဘောလုံးကို ယူလာခဲ့ခြင်းပင်။
ထိုလူငယ်လေး ကစားနေသော ဘောလုံးလေးက လူသွားေနသည့် လမ်းပေါ်သို့ ရုတ်တရက် အရှိန်လွန်ကာ ကန်ထွက်သွားခဲ့ေတာ့သည်။
အနားမှ ဖြတ်လျှောက်သွားသော အသက် လေးဆယ်ကျော် ငါးဆယ်နီးပါးခန့် ရှိနိုင်မည့် အမျိုးသမီးကြီး၏ ခြေထောက်သို့ ဘောလုံးလေးက ထိမှန်သွားခဲ့ရသည်။“တောက် ...စည်းမရှိ ကမ်းမရှိ။”
အနားရောက်လာသော ဘောလုံးအား ခပ်ဝေးဝေး ကန်ထုတ်ပစ်လိုက်ပြီး အမျိုးသမီးကြီးက တောက်ခေါက်ကာ ပြောဆိုေနသည်။ မျက်နှာကလည်း အလိုမကျစွာဖြင့် တင်းမာနေသေးသည်။
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ