11_U 🔞

110K 7.8K 2.6K
                                    

(A/N_ပြီးပြီးချင်း တင်ချင်ဇောနဲ့ တင်လိုက်မိသည်။
စာမစစ်ရသေးပါ။ နောက်မှ ပြန်စစ်ထားလိုက်ပါ့မယ်။
ဒီအခန်းအား Warning ပိစိလေး ပေးပါတယ်နော်။  >.< )

/
/
/


ပထမရက်က တစ်နေကုန်လုံး လွှမ်းဧရိယာနဲ့သူ shopping ထွက်ဖြစ်ကြသည်။ အဝတ်အစား အသုံးအဆောင်တွေနဲ့ ဖုန်းအသစ်လည်း ထပ်လဲပေးပြန်သည်။

အစ်မသက်နှင်းစံတို့ ခိုးပြေးတဲ့ ရက်တုန်းက ဝယ်ထားပေးသည့် ဖုန်းဟောင်းလေးကိုပဲ သူဆက်သုံးမည်ဟု ပြောသော်လည်း လွှမ်းဧရိယာတို့က လက်မခံပေ။ ဒီလိုနဲ့ပဲ သူ ဖုန်းအသစ် ထပ်ရလိုက်တော့သည်။

အဝတ်အစားတွေ ဝယ်ပေးပြန်တော့လည်း ဈေးနှုန်းတွေ ကြည့်ပြီး သူ့မှာ တံတွေးမျိုချနေမိရသည်။ လွှမ်းဧရိယာတို့က ဈေးနှုန်းဘာညာ တစ်ချက်ပင် မကြည့်ဘဲ သူ့မျက်စိထဲ သဘောကျသမျှ အကုန်ယူထည့်သည်။

စမ်းရေအေးကိုလည်း ဘယ်ဒီဇိုင်း ဘာအရောင် ကြိုက်လဲဟု မေးတတ်သေးသည်။

"ကိုယ်က ချေး(ဂျေး)မများတတ်ပါဘူး ...ရိုးရိုးရှင်းရှင်းတွေ‌ေလာက်ဆို ကိုယ်နဲ့ ဖြစ်ပါတယ် ..."

"အင်း ခင်ဗျားနဲ့လည်း ဆန်းဆန်းပြားပြားတွေက မလိုက်ဖက်ဘူး ...
ရိုးရှင်းပြီး မျက်စိအေးမဲ့ အရောင်မျိုးလေးတွေ ရွေးပေးမယ် ..."

အဝတ်အစား ရွေးချယ်ခြင်းကအစ လွှမ်းဧရိယာက သူပဲ လုပ်သွားတာ ဖြစ်သည်။ စမ်းရေအေးနဲ့ လိုက်ဖက်သည်ဟု သူမျက်စိထဲ ကြည့်လို့ဝင်သမျှ သူဝယ်ပေးသည်။

အသားမည်း အရဲဆင် ဆိုသည့် စကားဟာ စမ်းရေအေးအတွက်တော့ မဟုတ်ပေ။ သူ့အသားက ညိုသည် ‌ဆိုသော်ငြားလည်း ညိုလွန်းနေတာမျိုးတော့ မဟုတ်။  ဒါကြောင့် အရောင်တောက်တောက်တွေနဲ့မှ လိုက်ဖက်နေတာမျိုးလည်း မရှိ။

လွှမ်းဧရိယာက လူငယ်ပီပီ အမြင်ရှိသည်။ သူ့အမျိုးသားကို ဘာဆင်ပေးလျင် ဘယ်လို လိုက်ဖက်‌ေနမလဲ ဆိုတာလည်း သိတတ်၏။

အမှန်တော့ shopping ထွက်သမျှ ဆိုင်တိုင်းမှာ စမ်းရေအေး အတွက်ပဲ ‌ဝယ်ကြတာ ဖြစ်သည်။ လွှမ်းဧရိယာတို့က သူ့အတွက် ဘာတစ်ခုမှ မဝယ်ပေ။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now