27_U

78.2K 8K 1.9K
                                    

မနက်ခင်း ထမင်းစားခန်းထဲမှာ လူစုံနေကြသည်။ နံနက်စာ စားချိန်ဆိုလျှင် လူစုံလေ့ရှိတာက ထုံးစံပင်။ စမ်းရေအေးတစ်ယောက်လည်း ပုံမှန်အတိုင်းပင် ဝိုင်းကူလုပ်ပေးနေ၏။ မနေ့က သူတို့ လင်ယောက်ျား နှစ်ယောက် ရန်ဖြစ်ကြတာကို အားလုံး သိထားကြပေမဲ့ ‌ဘာမှတော့ ထုတ်မမေးလာကြသေးပေ။ ပြန်တည့်သွားပြီဟုပဲ ထင်နေ၍လား‌ေတာ့ မသိ။

“စမ်းရေအေး နင့်လက်က ဘာဖြစ်တာလဲ။”

အားလုံးထဲမှာ ဒေါ်မြသစ်ရတနာက ကွက်ပြီး မြင်မိသွားပုံရသည်။  အသံကျယ်ကျယ်နဲ့ အော်မေးလာတော့ အကုန်လုံး အကြည့်တွေက စမ်းရေအေး လက်ဆီသို့ ရောက်လာကြတော့သည်။

ညက အိပ်ခါနီးမှာ လွှမ်းဧရိယာ သူ့ကို ဆေးလိမ်းပေးသေးသည်။ သူက လက်မခံဘဲ ကိုယ့်ဘာသာပဲ ယူလိမ်းလိုက်သည်။ အချည်ခံထားရတာက နာရီ အကြာကြီးမို့ အညိုအမဲ အရာတွေကတော့ ကျန်နေခဲ့သည်သာ။

“ဘာမှ မဟုတ်ပါဘူး ဒေါ်လေးရတနာ၊ ဒီအတိုင်း ဖိအိပ်မိလို့ပါ။”

စမ်းရေအေး လိမ်လိုက်သည်။ လူတွေကတော့ သူ့စကားကို သိပ်ယုံကြည်ပုံ မရ။

“ဟဲ့ ဖိအိပ်မိရုံလေးနဲ့ အညိုအမဲတွေ စွဲနေစရာလား။”

“ကျွန်တော် သူ့ကို ကြိုးနဲ့ တုပ်ထားတာ။”

အသံက အခန်းတံခါးဝမှ ပေါ်ထွက်လာခဲ့သည်။ ဝင်လာသည့်လူက လွှမ်းဧရိယာပင်။

“အမလေး မြတ်စွာဘုရား။”

ဒေါ်‌မြသစ်နန္ဒာတစ်ယောက် ရင်ဘတ်ဖိကာ အသံထွက် ဘုရားတ,မိသွားရသည်။ အကုန်လုံးရဲ့ မျက်နှာတွေက သိသိသာသာ လန့်သွားကြပုံပင်။
တော်ရုံ စကားဝင်မပြောတတ်သော ဦးလွှမ်းသူရိန်တောင်မှ လှုပ်လှုပ်ရှားရှား ဖြစ်သွားရ၏။

“မင်းသူ့ကို နှိပ်စက်မယ်ဆိုရင် ဘာလို့ ယူထားသေးလဲ။ သူကွာချင်နေတာကို ကွာပေးလိုက်လေ။ သူများ သားသမီး ယူထားပြီးတော့ မင်း ဘာလို့ ဒီလို လုပ်တာလဲ။ လွှမ်းဧရိယာ ...မင်းလုပ်ချင်တိုင်း လုပ်ခွင့်ရပြီး နေချင်တိုင်း နေခွင့်ပေးထားတာကို အရမ်း ဆိုးမလာနဲ့။”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now