24_U

68.5K 7.1K 1.4K
                                    

ခြံထဲတွင် ဘတ်စကတ်ဘော သွားဆော့ရန် လွှမ်းဧရိယာက စမ်းရေအေးကို ခေါ်သွားသည်။ ခြံကြီးရဲ့ ဘေးဘက်မှာ အားကစားကွင်းငယ်လေး တစ်ခု ရှိနေသည်။ ဘတ်စကတ်ဘောဂိုးတိုင် တစ်ခုလည်း ရှိကာ ကြက်တောင်ရိုက်သည့် ပိုက်တန်းတွေလည်း ရှိနေသည်။ အားကစားကွင်းဘေးမှာတော့ အမိုးအကာ ဖန်အိမ်ပုံစံနဲ့ ဆောက်လုပ်ထားသည့် ရေကူးကန်ကြီး တစ်ခုလည်း ရှိသေးသည်။

လွှမ်းဧရိယာက အလျင်တုန်းကတော့ မကြာခဏ ရေကူးတတ်ပေမဲ့ အလုပ်ကိစ္စတွေ များလာ‌ေလ မကူးဖြစ်တော့လေပင်။ တစ်ခါတစ်ရံ အနားယူချင်လာလျှင်တော့ ရေကူးကန်ဘက်ကို သွားတတ်ပါ၏။

“ယောက်ျားလေးချင်း ယူထားတာ ဒီလိုနေရာတွေ အတွက်ဆို အရမ်းကောင်းတာပဲ။”

လွှမ်းဧရိယာ စကားကို စမ်းရေအေး ‌နားမလည်ပါ။

“ဘာကိုလဲ။”

“ယောက်ျားလေးချင်း ဆိုတော့ ဒီလို ကစားနည်းတွေ အတူ ဆော့လို့ ပိုကောင်းတာပေါ့လို့ ပြောတာ။ ဘတ်စကတ်ဘောလည်း ဆော့လို့ရ၊ ဘောလုံးလည်း ကန်လို့ရ ကလပ်တွေ ဘာ‌းတွေလည်း အတူ တက်လို့ရတယ်။ မိန်းကလေးနဲ့ ယူထားရင် ရှောင်ရမဲ့ နေရာတွေ ‌ရှိနေသေးတယ်။
ယောက်ျားလေးချင်း ဆိုတော့ ဘာလုပ်လုပ် အိုကေတယ်လေ။ မဟုတ်ဘူးလား။”

“လွှမ်းငယ် ...မင်းအရင်က‌လေ မိန်းမယူဖို့ တွေးထားသေးတာလားဟင်။”

ဘောလုံးလေးကို ပုတ်နေရင်းနဲ့ လွှမ်းဧရိယာက သူ့ကို ပြန်ကြည့်လာခဲ့သည်။

“တွေးတာပေါ့။ ကျွန်တော်က အဖြောင့်ကြီးပဲကို၊ ဘာလို့ မေးတာလဲ ရေအေးလေးက ”

“ဟင့်အင်း ဒီအတိုင်းပဲ မေးကြည့်တာပါ။”

လွှမ်းငယ် ယူချင်ခဲ့သည့် မိန်းမက ဝတ်မှုန်နွေးပဲ ဖြစ်ခဲ့မည် ထင်သည်။

“အင်း ဒါဆိုရင် ဒီနားကို လာဦး။”

လာဆိုတော့ စမ်းရေအေး သွားလိုက်၏။ လွှမ်းဧရိယာက စမ်းရေအေးကို သူ့အရှေ့မှာ ကျောခိုင်း ရပ်ခိုင်းသည်။ ပြီးနောက် လွှမ်းက စမ်းရေအေး အနောက်မှာ ကပ်ရပ်လိုက်လေသည်။ အနေအထားက ရင်ခွင်ထဲ ထည့်ပြီး ဘောလုံးလေးကို ပုတ်ကာ ပုတ်ကာနဲ့ လုပ်နေခဲ့တာမျိုး။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now