15_U

80.3K 7.7K 1K
                                    

မနက်ပိုင်း ဘုရားရှိခိုးရန်ပင် စမ်းရေအေးတစ်ယောက် လွတ်သွားရသည်။ သူနိုးလာသည့် အချိန်က (၇)နာရီကျော် (၈)နာရီထိုးတော့မည်။
မနက်(၆)နာရီဆို နိုးလေ့ရှိသူက ဒီနေ့တော့ အိပ်ရာထ နောက်ကျရလေပြီ။ လွှမ်းငယ်နဲ့သူ ညက စိတ်လှုပ်ရှားစရာ ကောင်းတာတွေကို လုပ်နေမိကြသည်။

ညက တစ်နာရီကျော်မှ သူတို့ အိပ်ဖြစ်ခဲ့ရသည် မဟုတ်လား။ အခုနိုးလာတော့လည်း သူ့ခန္ဓာကိုယ်က ဟိုနေရာ သည်နေရာ တဆစ်ဆစ် နာကျင်နေလေသည်။ လူက အိပ်ရေးလည်း မဝသည့် အပြင် ကိုယ်ခန္ဓာကပါ နေလို့ ထိုင်လို့ မကောင်း။ ရေချိုးခန်းထဲ ဝင်ပြီး သွားတိုက်နေသည့် အချိန်မှာပဲ လွှမ်းဧရိယာကလည်း နိုးလာခဲ့သည်။ စမ်းရေအေးနဲ့ အတူတူ ယှဉ်ရပ်၍ သွားတိုက်ရန် လုပ်နေ၏။

ဘေစင်အကြီးကြီးက လူနှစ်ယောက် သုံးယောက်လောက် ကောင်းကောင်း ရပ်နေလို့ ရသည်။ အရှေ့က မှန်‌ထဲမှာလည်း သူတို့နှစ်ယောက် ခပ်နီးနီး ကပ်ရပ်နေကြသည့် ပုံရိပ်လေးက အတိုင်းသား။

“မင်း ဘာလို့ ထလာတာလဲ။ ဆက်အိပ်ဦးလေ။”

“အခု‌ေနာက်ပိုင်း အနားမှာ ခင်ဗျား မရှိရင် ကျွန်တော်အကြာကြီး ဆက်မအိပ်တတ်တော့ဘူး။”

လွှမ်းဧရိယာ ကိုင်ထားသည့် သွားတိုက်တံ အပေါ်သို့ သွားတိုက်ဆေး အနည်းငယ်ကို စမ်းရေအေးက ကိုယ်တိုင်ညှစ်ပြီး တင်ပေးလိုက်သည်။
သူတစ်ခါမှ လွှမ်းငယ်အတွက် တစ်ကိုယ်ရည် တစ်ကာယ အလုပ်တွေကို အသေးအမွှားကအစ မကူညီပေးခဲ့ရ။ ဒါက ပထမဆုံး ဖြစ်သည်။

“ရေအေးလေးကရော ဘာလို့ ထလာတာလဲ။ ဆက်အိပ်ပါဦးလား။
အိပ်ရေးရော ဝလို့လား။ ညက များထားတဲ့ဟာကို။”

ညကအကြောင်း ပါလာတော့ စမ်းရေအေး မျက်နှာ လွှဲသွားကာ ခေါင်းငုံ့၍ သွားတိုက်နေရသည်။

“ကိုယ် မနက်စာ ဝိုင်းပြင်ပေးဖို့ ရှိသေးတယ်လေ။”

“တစ်ရက်တလေ မလုပ်လည်း ဘာမှ မဖြစ်ပါဘူး။ ခင်ဗျားကို ဘယ်သူက ရိုက်နှက်ပြီး ခိုင်းနေလို့လဲ။”

“ဒါ‌ေပမဲ့လည်း မကောင်းဘူးလေကွာ။ ကိုယ်မှ မနေတတ်တာ။”

“အရမ်း ကိုယ့်ဒုက္ခ ကိုယ်ရှာမနေနဲ့ဦး။ နေလို့ မကောင်းရင် အိပ်ရာထဲ ပြန်လှဲနေလိုက်၊ ကျွန်တော် အိပ်က လူတွေကို ပြောပေးထားမယ်။
ညက များသွားလို့ မထနိုင်တော့လို့လို့၊ အဟက် ...”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now