အကြွေးကိစ္စ ရှင်းပြီးသွားသည့် ကိစ္စနဲ့ ပတ်သက်ပြီး အဒေါ်ဖြစ်သူဆီ စမ်းရေအေး အကျိုးအကြောင်း မေးမကြည့်မိခဲ့ရ။ ဒီနေ့တော့ ဖုန်းဆက်ရန် စဉ်းစားလိုက်မိသည်။ လွှမ်းဧရိယာကလည်း နေမကောင်း၍ အခန်းထဲမှာ ဆေးသောက်ပြီး အိပ်နေခဲ့သည်။ ခြံထဲမှာ လမ်းဆင်းလျှောက်ရင်းနဲ့ စမ်းရေအေးလည်း ဖုန်းခေါ်ဖြစ်ခဲ့ရသည်။
“ဒေါ်လေး၊ နေကောင်းတယ် မဟုတ်လား။ ဦးလေးရော။”
“ကောင်းကြပါတယ်ကွယ်။ တူလေးရော အဆင်ပြေရဲ့လား။”
“ပြေပါတယ် ဒေါ်လေး။”
“အခု ဖုန်းဆက်နေတာကို နင့်ယောက်ျားရော သိရဲ့လား။”
“မသိပါဘူး။ သူအခု ဖျားနေလို့ အိပ်နေတယ် အခန်းထဲမှာ၊ ဘာလို့ မေးတာလဲဟင် ဒေါ်လေး။”
“သူက တူလေးကို ဘာမှ မပြောဘူးလား။”
“ဗျာ ဘာကိုလဲ။”
“ဒေါ်လေးတို့ကြောင့် တူလေးတို့တွေ အမြဲပြဿနာ တက်နေရတယ်လို့ အဲ့ကလေးက ပြောသွားတယ်။ တူလေးတို့ အိမ်ထောင်ရေး အဆင်မပြေအောင် ဒေါ်လေးတို့ လုပ်ခဲ့မိတာ ထင်တယ်။
တောင်းပန်ပါတယ်ကွယ်။ ကိုယ့်အပူပဲ ကိုယ်ကြည့်ခဲ့ပြီး အတ္တတွေ ကြီးခဲ့မိလို့။”“ပြဿနာတွေ နည်းနည်းရှိခဲ့တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ပြီးတာက ပြီးသွားပြီပဲလေ။ လွှမ်းငယ်က အကြွေးတွေ ဆပ်ပေးခဲ့ပြီ မဟုတ်လား။ ဒေါ်လေးတို့ အဆင်ပြေရင်ပဲ ကျွန်တော် ကျေနပ်ပါတယ်။”
“နင့်ယောက်ျားလေးက အဲ့နေ့က တို့တွေကို နင်နဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်လိုက်ပါလို့လည်း ပြောသွားသေးတယ်။ သူ့ပိုက်ဆံတွေကိုလည်း ပြန်ဆပ်စရာ မလိုပါဘူးတဲ့။
သူ့ေယာက်ျားကို တစ်ချိန်က ကျွေးမွေး ကျောင်းထားပေးခဲ့တဲ့ ကျေးဇူးကြွေးတွေနဲ့ ချေလိုက်ပါတဲ့လေ။”“သူက အဲ့လိုတွေအထိ ပြောသွားတာပေါ့။”
“ဟုတ်တယ်။ စိတ်မကောင်းဖြစ်ရပေမဲ့ ဘာတတ်နိုင်မှာလဲ။ ဒေါ်လေးတို့ဘက်ကလည်း လွန်ထားတာကိုး။ သူပြောသွားတာ အလွန်မဟုတ်ပါဘူးလေ။ အဲဒါကြောင့် တူလေး ဖုန်းဆက်တာ သူသိလားလို့ မေးတာ။
အခု ဖုန်းဆက်ေနတာကို သူသိရင် တူလေးကို ဆူနေပါဦးမယ်။”
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ