3_U

72.3K 7.5K 1.2K
                                    

Nissan Altima အနက်ရောင် တစ်စီးက ရပ်ကွက်လမ်းထဲ ဝင်လာပြီး ဖြိုးကုဋေတို့ အိမ်ရှေ့နားမှာ ရပ်သွား၏။ ကားမောင်းလာသူကတော့ လွှမ်းဧရိယာသာ။

ကားထဲတွင် ရှိနေခိုက် ဖြိုးကုဋေကို သူ ဖုန်းဆက်ထား‌ေသးသည်။ ဖြိုးကုဋေက ခဏနေ ထွက်လာမည်ဟု ပြော‌ေသာကြောင့် ကားထဲမှာပဲ သူထိုင်စောင့်နေလိုက်မိသည်။ အိမ်ထဲထိ တကူးတက သူ သွားစောင့်မခေါ်နိုင်တော့။
ဒီနေ့ အသိ အစ်ကိုတစ်ယောက်၏ wedding ပါတီကို နှစ်ယောက်သား သွားကြမှာဖြစ်သည်။ Sule Shangri-La Hotel မှာ ပွဲတက်ဖို့ နှစ်ယောက်လုံးကို ဖိတ်ထားခြင်းပင်။

ကားထဲတွင် ထိုင်နေရာမှ လွှမ်းဧရိယာက အပြင်သို့ ထွက်ရပ်‌ေနလိုက်သည်။ သူ့ပုံစံ သူ့စတိုင်က မြင်မိသူတိုင်းကို ငေးစေနိုင်‌ေလာက်၏။
Necktie မပါသော Suit အနက်ရောင်ကို ဝတ်‌ထားသည့်သူ။ အတွင်းက အနက်ရောင် ရှပ်လက်ရှည်ကို အပေါ်ပိုင်း လည်ပင်းနားမှ ကြယ်သီးနှစ်လုံး သုံးလုံးပါ ဖြုတ်ထားသေးသည်။ ခပ်ဟဟ လည်ပင်းသားတွေ‌ အလယ်မှာ ဆွဲဆောင်မှုရှိသော လည်စေ့က အထင်းသား။
ဖြူသောအသားက အနက်ရောင်တွေနဲ့ဆိုတော့ ပို၍ လိုက်ဖက်လွန်းသွားသည်။ အထူးသဖြင့် သူ့အရပ်အမောင်းနှင့် သူ့ကိုယ်လုံး ကိုယ်ထည်က အမိုက်စားဖြစ်နေတာကြောင့် suitက ပို၍ ဖက်ရှင်ကျသွားသည်။

ကားကိုယ်ထည်မှာ မှီရပ်၍ ဖြိုးကုဋေကို စောင့်ရင်း သူဖုန်းထုတ်သုံးနေမိ၏။

“လွှမ်း ...မောင်လေး ...”

အသံက ဘေးဘက်မှ ထွက်လာခဲ့သည်။ လွှမ်းဧရိယာ လှည့်ကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူရဲ့ ချစ်သူ သက်နှင်းစံ ဖြစ်နေသည်။
သက်နှင်းစံက အပြာနုရောင် ယူနီဖောင်းကုတ်နဲ့ အနက်ရောင် စကတ်တို ဝတ်ထားပြီး ကြိုးရှည်အိတ်လေး တစ်လုံး လွယ်ထားသည်။ အခုမှ အလုပ်ဆင်းလာသည် ထင်၏။
သူ(မ) ခြံထဲသို့ မဝင်ခင်မှာ လွှမ်းဧရိယာကို မြင်လိုက်မိတာကြောင့် လှမ်းနှုတ်ဆက်လိုက်တာမျိုးပင်။

“ဘာလုပ်နေတာလဲ။ ဪ ...ကုဋေပြောတယ်။ Wedding တစ်ခု သွားမလို့ဆို ...”

ဖြိုးကုဋေတို့က ဘာလုပ်လုပ် ရည်းစားကို သံတော်ဦး တင်ထားပုံရသည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now