12_U

80.4K 7.9K 1.5K
                                    

သည်နေ့လည်း လွှမ်းဧရိယာ အိပ်ရာထလာတော့ ဘေးမှာ စမ်းရေအေး မရှိတော့ပေ။ သူတို့ အခန်းထဲမှာလည်း ရှိမနေခဲ့။ နာရီကို ကြည့်လိုက်တော့ မနက်၈နာရီခန့်။ သည်အချိန်ထိ ရောက်နေပြီ ဆိုလျှင်တော့ ဘုရားသွားရှိခိုးနေတာလည်း မဖြစ်နိုင်ပါ။ အိမ်အလုပ်‌ေတွအား စမ်းရေအေး  လုပ်ရမည် ဆိုသော မနေ့က သူကြားခဲ့ရသည့် အမိန့်ကို ပြန်သတိရသွားမိသည်။

ချက်ချင်းအိပ်ရာထကာ မျက်နှာထသစ် ရတော့သည်။ ညအိပ် အဝတ်အစားကိုပါ ခပ်မြန်မြန် ချွတ်လဲလိုက်ရသည်။ မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် သူ့မှာ စမ်းရေအေးကိုပဲ ပူပန်ပေးနေရသည်။ အိပ်ရာထဲမှာ မရှိတော့တာနဲ့ သူ့မှာ ကမ္ဘာကြီး တစ်ခြမ်း အဖျောက်ခံလိုက်ရသလိုပင်။ ဘယ်နေရာမှာလဲဆိုတာ မသိရ မချင်း မတွေ့ တွေ့အောင် ရှာဖွေမိရတော့သည်။

အခုလည်း သူ့ကိစ္စတွေ ပြီးတာနဲ့ အိမ်အ‌ေပါ်ထပ်‌ေရာ အောက်ထပ်ပါမကျန် ရှာဖွေရေး စရလေသည်။ နောက်မှ သူ့ရဲ့ အစ်ကိုတော်လေးက ထမင်းစားခန်းထဲမှာ မနက်စာ ပြင်ဆင်ပေးနေသည်အား မြင်လိုက်ရ‌တော့၏။ အိမ်ရှင်တွေ အကုန်လုံးက စားပွဲမှာ ကိုယ်စီ ထိုင်နေကြပြီး စမ်းရေအေး တစ်ယောက်ကတော့ ကော်ဖီ လိုက်ငှဲ့ပေးနေခဲ့သည်။ သူ့ဘေးမှာ ယမင်းကလည်း ဝိုင်းကူပေးနေလေသည်။
မြင်ကွင်းက သိပ်တော့ အဆင်မပြေပေ။ စောစောစီးစီး ဒေါသက ဆတ်ကနဲ ထလာတော့သည်။

“ကိုစမ်းရေအေး ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ။”

စမ်းရေအေး ဘာမှ ပြန်မဖြေရ‌ေသးခင်‌မှာပင် ဒေါ်မြသစ်မာလာရဲ့ အသံက ထွက်လာတော့သည်။

“အလုပ်လုပ်နေတာလေ မင်းမမြင်ဘူးလား။”

“ကျွန်တော် သူ့ကို မေးနေတာ။”

“ငါဖြေပေးတော့ရော ဘာဖြစ်လို့လဲ။”

မြေးအဘွားနှစ်ယောက် မျက်လုံးချင်းဆံုပြီး တစ်ယောက်တစ်ခွန်း ဖြစ်နေသည်။

“လွှမ်းဧရိယာ၊ ကိုယ် မနက်စာ ပြင်ပေးမယ်လေ လာ ...”

သူ့လက်ကို လာဆွဲနေသည့် စမ်းရေအေးကို အစိမ်းလိုက် ဝါးစားတော့မတတ် လွှမ်းက စိုက်ကြည့်ပေးလိုက်သည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now