၂၈ရက်တာ ဆေးပတ်လည်အောင် သောက်ခဲ့ပြီး၊ ဆေးကုန်သည့်အခါမှာ လွှမ်းတစ်ယောက် ဆေးတစ်ခါ စစ်ရသည်။ လေးပတ်ခန့် အကြာမှာလည်း ထပ်မံ၍ ဆေးစစ်ရသေးသည်။ အနည်းဆုံး နှစ်ခါလောက် ဆေးစစ်ပြီးတော့မှသာ အခြေအနေက စိတ်ချသွားရလေသည်။ သူ့မှာ HIV ရောဂါပိုး ကူးစက်ခြင်း မရှိခဲ့ပါ။
သို့ပေမဲ့ လွှမ်းကတော့ ပို၍ တိကျ ေသချာချင်သူမို့ နောက်ထပ် သုံးလအကြာနဲ့ ခြောက်လအကြာတွေမှာပါ ဆေးထပ်စစ်ရန် စဉ်းစားထားခဲ့သည်။ ကျန်းမာရေး ပုံမှန် ပြန်ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာ အလျင်တုန်းက သူစောင့်စားနေခဲ့ရသည့် သတင်းတစ်ခုက ရောက်ရှိလာခဲ့ေတာ့သည်။
“ညီလေး စုံစမ်းခိုင်းထားတဲ့ ဒေါ်ထက်ထက်ထားဝေရဲ့ သတင်းကို ရပါပြီ။ သူက အခု ချင်းမိုင်မြို့မှာ နောက်အိမ်ထောင်ကျပြီး အခြေချ နေနေပါတယ်။”
ဒေါ်ထက်ထက်ထားဝေဆိုသည့် အမျိုးသမီးက လွှမ်းဧရိယာရဲ့ မိခင်အရင်းပင်။ သူ အရွယ်ရောက်လာပြီး နောက်ပိုင်းမှာမှ မိခင်ဖြစ်သူကို လိုက်လံ စုံစမ်း၍ ရှာဖွေခိုင်းခဲ့ခြင်း။ အချိန်အားဖြင့် ၂နှစ်ဝန်းကျင်ခန့် ရှိနိုင်လိမ့်မည်။ အခုတော့ သူ(မ)ရှိနေရာ အရပ်ကို သူ သတင်း ရလေပြီ။
“မင်း လိုက်သွားမှာလား လွှမ်းငယ်။”
စမ်းရေအေးရဲ့ အမေးကို လွှမ်းဧရိယာက ခေါင်းညိတ်ပြ၍ အဖြေပေးလိုက်၏။
“ကျွန်တော် သူ့ကို မေးစရာ စကားတွေ ရှိတယ်။ ပြီးတာနဲ့ ကျွန်တော် ပြန်လာခဲ့မှာပါ။”
ဘာတွေ မေးမှာလဲ ဆိုတာကို စမ်းရေအေး သိသည်။ လွှမ်းငယ်ကိုယ်တိုင် ပြောပြထားခဲ့ဖူးသည်မို့။
“ကိုယ် လိုက်ခဲ့ေပးဖို့ လိုသေးလား။ မင်းအတွက် အထောက်အကူ ဖြစ်မယ်ဆိုရင်၊ ကိုယ်ပါ အတူ လိုက်ခဲ့ပေးမယ်လေ။”
“ဟင့်အင်း ကျွန်တော်တစ်ယောက်တည်းပဲ သွားပါ့မယ်။ မေးစရာ ရှိတာ မေးရုံပါပဲ။”
ရေအေးလေးကို သူ ခေါ်မသွားချင်ပါ။ ခရီးပန်းမှာကို စိုးရိမ်သည်။
သူလည်း သွားပြီး ချက်ချင်းပြန်လာမှာပင်။
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ