22_U

69.6K 6.9K 1.4K
                                    

ပွဲအပြီး အိမ်အပြန် တစ်လမ်းလုံးမှာ လွှမ်းဧရိယာ ငြိမ်နေခဲ့တာကြောင့် စမ်းရေအေးလည်း စိတ်အေးလက်အေးသာ ရှိနေမိခဲ့သည်။ အိမ်ပြန်ရောက်၍ အခန်းထဲကျတော့မှ လွှမ်းဧရိယာရဲ့ မေးခွန်းတွေက စလာတော့၏။

“ဘာ‌ေခါ်ပြောတာလဲ၊ ခင်ဗျား ဒေါ်လေးက။”

မေးပုံက ဒေါသဟန်တော့ မပါ။ အေးအေးဆေးဆေးပင်။
လွှမ်းဧရိယာရဲ့ အခြေအနေကို အကဲခတ်ကြည့်လိုက်ပြီး အမှန်တိုင်း ထုတ်ပြောရန်သာ စမ်းရေအေး စဉ်းစားလိုက်မိသည်။

“ဟို ...ပိုက်ဆံ‌ေချးတဲ့ ကိစ္စပါ။”

“ထင်သားပဲ၊ ဒါပဲဆိုတာ ...”

လွှမ်းက နှုတ်ခမ်းတွေ မဲ့ကျသွားသေးသည်။ အဝတ်အစား လဲပြီးနောက် သူ့အလုပ် စားပွဲမှာ သွားဝင်ထိုင်နေ၏။ စမ်းရေအေးလည်း အဝတ်အစား ခပ်သွက်သွက် လဲလှယ်လိုက်ပြီး လွှမ်းဧရိယာ အနားကို ကပ်သွားလိုက်မိသည်။ အခုချိန်မှာ လွှမ်းငယ်က ဒေါသဖြစ်ဟန် ရှိမနေတာမို့ နားချယူကြည့်ရန် စမ်းရေအေး ကြိုးစားချင်မိသည်။

“လွှမ်းငယ် ...မင်း နည်းနည်းလေး ဖြစ်ဖြစ် ပြန်စဉ်းစား‌ေပးပါဦးလားဟင်။ ဒေါ်လေးတို့က တော်တော် ဒုက္ခရောက်နေကြတာပါကွာ။”

“ကျွန်တော် ပြောပြီးပြီလေ၊ လုံးဝပဲလို့။ ရေအေးလေးကို ကျွန်တော် ဘာမှာထားလဲ။ ဘယ်လိုဖြစ်ဖြစ် ငြင်းရမယ်လေ။”

ဆုံလည်ထိုင်ခုံပေါ်မှာ လွှမ်းက နောက်မှီထိုင်နေပြီး ရပ်နေသည့် စမ်းရေအေးကို မော့ကြည့်နေခဲ့သည်။

“ဒါပေမဲ့ ဒေါ်လေးတို့က အရမ်း ဒုက္ခရောက်နေကြတာလေ။ ကိုထွဋ်က ...”

လွှတ်ကနဲ ထွက်သွားမိသည့် နာမည် အခေါ်ကြောင့် စမ်းရေအေး ဆက်မပြောဘဲ ရပ်သွားရသည်။ လွှမ်းဧရိယာကလည်း သူ့ကို မျက်မှောင်ကုတ်၍ ပြန်ကြည့်နေခဲ့သည်။

“ဟိုလူ ရန်မိုးထွဋ်က ဒေါ်လေးတို့ကို အတင်းဖိအားတွေ ပေးနေတာ။
အတိုးရော အရင်းရော ပြန်မဆပ်နိုင်ရင် အိမ်အပေါင်ဆုံးတော့မှာ။
ဒေါ်လေးတို့ မိသားစု အိမ်ငှားဘဝကို ရောက်သွားလိမ့်မယ် လွှမ်းငယ်ရဲ့၊ ဒီခေတ် အိမ်ငှားစရိတ်တွေက ကြီးကကြီးနဲ့၊ ဝင်ငွေ တစ်ဝက်လောက်က အိမ်ငှားခ အတွက်ပဲ သုံးနေရမှာလေ။”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now