ကော်ဖီခွက်နဲ့ ကိတ်မုန့်ပန်းကန်ကို လင်ပန်းတစ်ချပ်ပေါ် တင်ကာ ဧည့်ခန်းဘက်သို့ စမ်းရေအေး ယူချလာလိုက်သည်။ သူတို့ အိမ်မှာ ဧည့်သည် တစ်ေယာက် ရောက်နေ၏။
ဧည့်သည်ဟု ပြောလို့မရသည့် ဧည့်သည်ပင်။
ထိုလူက ဦးသူရတင်၏တူ ရန်မိုးထွဋ် ဆိုသူ ဖြစ်သည်။
အိမ်ကို တစ်လ လေးငါးခါလောက်တော့ သူရောက်လာတတ်ပါ၏။သူရောက်လာတတ်သည့် အချိန်တွေက များသောအားဖြင့် အိမ်မှာ အိမ်သားတွေ မရှိသော အချိန်တွေ ဖြစ်နေတတ်သည်။ အခုလည်း အိမ်မှာ စမ်းရေအေးနဲ့ ဖုန်းသက်စံလေးမှ လွဲ၍ မည်သူမှ ရှိမနေကြ။
ဒေါ်ခင်ကလျာတို့ လင်မယားကလည်း မနက်တည်းက ထွက်သွားကြပြီး ပြန်ရောက် မလာကြသေးပေ။ သက်နှင်းစံကလည်း အလုပ်ကနေ ပြန်မရောက်သေးပါ။ဖုန်းသက်စံလေးက သူ့အခန်းထဲမှာ စာလုပ်နေပြီး အပြင်ကို ထွက်မလာခဲ့။ ကျူရှင်ပိတ်ရက်ကြောင့် အိမ်မှာ ရှိနေသည့် ဖုန်းသက်စံလေးသာ မရှိလျှင် ဒီအိမ်မှာ စမ်းရေအေး တစ်ယောက်တည်းသာ ဖြစ်နေလိမ့်မည်။
“ကိုထွဋ် လာတာက စောနေတာ။ ဒေါ်လေးတို့က ညနေေစာင်းမှ ပြန်ရောက်မှာ၊ နည်းနည်း နောက်ကျလိမ့်မယ်။”
ရန်မိုးထွဋ် အရှေ့မှ စားပွဲပေါ်သို့ ကော်ဖီနဲ့ မုန့်ပန်းကန်အား ချပေးရင်း စမ်းရေအေးက ပြောနေသည်။
“အင်း အစ်ကို သိပါတယ်။ အန်တီကလျာ့ဆီ ဖုန်းဆက်ထားသေးတယ်။ သူတို့ အိမ်ပြန်မရောက်ကြသေးဘူးတဲ့။”
အိမ်ပြန်မရောက်သေးတာကို သိလျှက်နဲ့ အိမ်မှာ လာစောင့်နေသည်။ တစ်ခါတလေမှာ ရန်မိုးထွဋ် ဆိုသူက ထူးဆန်းနေတတ်ပါသည်။ သူကပဲ စိတ်ထင်နေသည်လား မပြောတတ်။
“ပြန်လာတဲ့အထိ စောင့်နေလိုက်ပါ့မယ်။ ဒီလ အတိုးတွေ တောင်းရဦးမှာမို့လို့လေ ...”
အတိုး။ ဟုတ်သည်။ သူ့ဒေါ်လေးနဲ့ ဦးလေးက ရန်မိုးထွဋ်ဆီမှာ အကြွေးတွေ ရှိနေသည်။ လတိုင်း အတိုးတွေသာ ဆပ်နေရတာ ဖြစ်သည်။
အတိုးပေါ် အတိုးဆင့်နေတာမို့ အရင်းက ဘယ်တော့မှ ကျေမည်မသိ။
ဆွေမျိုးနီးစပ် တော်နေပေမဲ့ ငွေကြေးကိစ္စက ငွေကြေးကိစ္စပဲ ထင်သည်။ အိမ်ထိ တကူးတက ဒီလူက အတိုးပုံမှန် လာယူတတ်သည်။
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ