26_U 🔞

93.6K 7.4K 1K
                                    

အိမ်မပြန်ခင်မှာ လွှမ်းဧရိယာတစ်ယောက် DL လုပ်ငန်းစုရဲ့ company အဆောက်အဦးဆီသို့ ရောက်သွားခဲ့သေးသည်။

"အထဲမှာ မမနွေယံ ရှိလား ..."

"ရှင် ..."

မြသစ်နွေယံရဲ့ ရုံးခန်းရှေ့မှ အတွင်းရေးမှူး မိန်းကလေးက လွှမ်းကို အံ့ဩစွာ ရပ်ကြည့်နေခဲ့သည်။ သူ(မ)က လွှမ်းကို သိ၏။ တစ်နှစ်နေလို့တောင် company ကို တစ်ခါ ဝင်မလာဖြစ်ပေမဲ့ တစ်ခါမြင်ဖူးထားရုံနဲ့ မှတ်မိစေနိုင်သော ရုပ်ရည်မျိုးရှိသည့် လွှမ်းဧရိယာ ဖြစ်နေသည်မို့။

"ရှိ ရှိပါတယ်ရှင့် ...ကျွန်မ သွားပြော ..."

စကားပင် မဆုံးလိုက်ပါ။ လွှမ်းရဲ့ ခြေလှမ်းတွေက ရုံးခန်းထဲ ဝင်ချသွားလေပြီ။

"ဘယ်လို ဖြစ်လာတာလဲ ...ဝရုန်းသုန်းကားနဲ့ ..."

မြသစ်နွေယံကလည်း မြင်တာနဲ့ မောင်ဖြစ်သူကို မျက်မှောင်ကုတ်ကြည့်နေလေသည်။

"အဲ့လို ဖြစ်လာအောင် ဘယ်သူက မီးမွှေးပေးလိုက်တာလဲ ..."

နွေယံ ထိုင်နေသည့် အလုပ်စားပွဲ ‌အရှေ့မှာ လွှမ်းက တည့်တည့်သွား၍ မတ်တပ်ရပ်နေလိုက်သည်။

"ငါ ကြားပြီးပြီ ...မေမေဖုန်းဆက်တယ် ...
စမ်းရေအေးက ဘွားဘွားပေးတဲ့ ပိုက်ဆံတွေကို ယူပြီး နင်နဲ့ ကွာမလို့ဆို ..."

"ကျွန်တော် အခုလာတာ အဲ့ကိစ္စကို ပြောမလို့ မဟုတ်ဘူး ...
မမ သူ့ကို ဘာလို့ ဝတ်မှုန်နွေးအကြောင်းတွေ ပြောပြလိုက်တာလဲ ..."

လွှမ်းဧရိယာ အသံက မကျယ်ပါ။ ဒါပေမဲ့ မာ၍ အေးစက်နေခဲ့၏။

"ငါပြောတဲ့အကြောင်း စမ်းရေအေးက နင့်ကို ပြောလိုက်တာလား ..."

"သူလား ပြောမှာ ...သူများတွေကို ပတ်မရမ်းချင်နဲ့တဲ့ ...
မင်းလိမ်ထားတာ မဟုတ်လို့လားတဲ့ ..."

"အဲဒီ့ကလေးက နှုတ်တော့ လုံသားပဲ ..."

သူ့ယောက်ျားအကြောင်း သူသိ၍ တခြားလူတွေရဲ့ နာမည်ကို ဆွဲမထည့်တာလည်း ဖြစ်နိုင်မည်။
ဘာပဲဖြစ်ဖြစ် စမ်းရေအေးရဲ့ စိတ်ဓာတ်ကိုတော့ နွေယံ့ သဘောကျသွားမိရသည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now