20_U

72.9K 7.1K 495
                                    

တစ်မနက်လုံး အိမ်မှာ လွှမ်းဧရိယာ မရှိ။ အလုပ်ကိစ္စအပြင် သူတို့ မင်္ဂလာဦးဆွမ်းကျွေးအတွက် မိတ်ဆွေတချို့ကို လိုက်ဖိတ်ဖို့ ထွက်သွားတာ ဖြစ်သည်။ ဒေါ်မြသစ်နန္ဒာနဲ့ ဒေါ်နဒီသွေးတို့ကလည်း မင်္ဂလာဦးဆွမ်းကျွေးအတွက် စီစဉ်စရာ ရှိတာတွေကို လိုက်လုပ်နေခဲ့ကြသည်။
ဘာမှ ဝင်မပါဘဲ အေးအေးလူလူ အိမ်မှာနေနေသည့် ဒေါ်မြသစ်ရတနာကိုပါ သူ(မ)တို့နဲ့ အပါခေါ်သွားခဲ့သေး၏။

“ငါမလိုက်ချင်ဘူး နင်တို့ဘာသာ သွားကြ။”

“မမကလည်း အဲဒါ မမတူလေးရဲ့ ကိစ္စလေ။ သူစိမ်းတွေလိုပဲ မသိချင်ယောင် ဆောင်နေလို့ ရမလား။”

“တော်တော် ချစ်စရာကောင်းတဲ့ တူလေးဆိုတော့။”

“လွှမ်းလေးက ပြောစကား နားမထောင်ပေမဲ့ အမျိုးက အမျိုးပဲလေ။
မမမှာ ချစ်စရာ တူတွေ သားတွေ ဘယ်နှယောက်များ ရှိနေလို့လဲ။
အငယ်ဆုံးလေးက ဒါလေး တစ်ယောက်ပဲ ရှိတာကို မမရယ်။”

“အဲဒီ အငယ်ဆုံးလေးကိုပဲ တစ်အိမ်လုံး ဝိုင်းမနေလိုက်ကြ၊
ဒါကြောင့်မို့လို့ ဒီကောင်လေးက လုပ်ချင်တိုင်း လုပ်နေတာလေ။
ငါတို့ကြောင့်ပဲ သူက ဆိုးနေသလိုလိုနဲ့၊ သူကိုက မာနကြီးပြီး စရိုက်မကောင်းတာ။”

ပါးစပ်ကနေသာ ရေရွတ် ပြောဆို နေခဲ့သော်လည်း နောက်ဆုံးကျတော့ ဒေါ်မြသစ်ရတနာတစ်ယောက် ပါသွားခဲ့ရတာပင်။ ကြည့်မရတာက မရတာ ဆိုပေမဲ့ ကင်းကင်းရှင်းရှင်းလည်း မနေနိုင်သော အဒေါ်က သူ(မ)။

ဒေါ်ဝတီကိုပါ အပြင်သို့ လိုက်သွားကြတာကြောင့် တစ်အိမ်လုံးမှာ ဒေါ်မြသစ်မာလာနဲ့ စမ်းရေအေးအပြင် ယမင်းနဲ့ မစုစံတို့သာ ကျန်ခဲ့တာ ဖြစ်သည်။ နေ့လည်ပိုင်းလောက်ကျတော့ ဒေါ်မြသစ်မာလာ တစ်ယောက် အခန်းထဲမှ ထွက်လာပြီး အိမ်အောက်ထပ် ဆင်းရန်ပြုသည်။ ထိုအခိုက် စမ်းရေအေးကလည်း သူ့အခန်းထဲမှ ထွက်လာသည့် အချိန် ဖြစ်နေသည်။

ဒေါ်မြသစ်မာလာက စမ်းရေအေးကို မမြင်။ လှေကားတွေကနေ အောက်ထပ်ကို ဆင်းသွားသည်။ စမ်းရေအေးကတော့ သူ(မ)အနောက်မှ ‌လိုက်ဆင်းသွားရ၏။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now