23_U

68.5K 7.2K 1.3K
                                    

LCCI သင်တန်းကို သူတို့ မင်္ဂလာဦးဆွမ်းကျွေး အပြီးကျမှ စမ်းရေအေး စတက်ခဲ့ရသည်။ အသက်သုံးဆယ်ကျော်လောက် ရှိသည့် ဆရာမတစ်ယောက်ကို လွှမ်းဧရိယာက စမ်းရေအေးအတွက် ရှာလာပေးသည်။
တစ်ပတ်ကို ငါးရက်။ သင်ရသည့် အချိန်ကလည်း တစ်နေ့ကို နှစ်နာရီလောက်သာ။

ဘာပဲဖြစ်ဖြစ် စမ်းရေအေး အတွက်ကတော့ သင်ယူစရာတစ်ခု ပိုရလာပြီး အားလပ်‌ေနသည့် အချိန်တွေလည်း လျော့ကျသွားရသည်။
ညဘက် အစောပိုင်းဆို သူက စာလုပ်ရပြီး လွှမ်းငယ်ကတော့ အလုပ်လုပ်သည်။ ပြီးလျှင် နှစ်ယောက်သား အတူ အိပ်ရာဝင်ကြသည်။

သူ့ဒေါ်လေးက ဖုန်းမကြာခဏ ဆက်၍ တွန်းအားပေးနေခဲ့သော်လည်း  လွှမ်းငယ်ကို စမ်းရေအေး နားမချမိတော့ပါ။ လွှမ်းငယ်တို့က ဟင့်အင်းဆို ဘယ်တော့မှ လှည့်ကြည့်မည့်သူမျိုး မဟုတ်။ သူကောင်းကောင်း သိပါ၏။

သည်နေ့တော့ မနက်ပိုင်း သင်တန်းချိန် ပြီးသွားပြီးနောက် ‌ညနေပိုင်းမှာ ခြံအလုပ်သမား အစ်ကိုကြီးတွေနဲ့ ဝိုင်းကူလုပ်ပေးခဲ့မိသည်။ အလုပ်ကြမ်းတွေ လုပ်လိုက်ရသည်မို့ စမ်းရေအေး တစ်ကိုယ်လုံး ချွေးတရွှဲရွှဲ ဖြစ်ခဲ့ရသည်။ ခြံထဲက ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးရသော လူတွေက ဒီအိမ်မှာ အမြဲမနေကြပါ။ တစ်ပတ်ကို နှစ်ခါသုံးခါလောက်သာ လာကြရသည်။

ဒေါ်လေးငယ်က မလုပ်ဖို့ တား‌ေသးပေမဲ့ သူကိုယ်တိုင်ကကို မနေတတ်‌ေပ။ စမ်းရေအေးတို့က နယ်ဘက်မှ ရွာငယ်လေးကနေ လာခဲ့ရသည့် တောသား‌ေလး။ အလုပ်ကြမ်းတွေလည်း လုပ်နိုင်၏။

အဒေါ်အိမ်မှာ နေခဲ့စဉ်ကလည်း သူပဲ အလုပ်ကြမ်း‌ေတွ လုပ်ခဲ့ရတာ ဖြစ်သည်။ ဒီလောက်ကတော့ သူမမှုပါ။ သူလုပ်နိုင်ပါသည်။
လွှမ်းငယ်က သူ့ကို ပင်ပန်းတာတွေ လုံးဝ မလုပ်ရဘူးဟု ဘယ်လိုပဲ တားမြစ်ထားပါစေ လွှမ်းငယ် မရှိလျှင်တော့ သူလုပ်ပေးဖြစ်သည်။
သူများတွေက လုပ်ကိုင်နေကြရပြီး ကိုယ်ကတော့ သခင်လေးလို အခန့်သား။ ဒါက သူ့ကို မနေနိုင် မထိုင်နိုင် ဖြစ်မိစေသည်။

လွှမ်းငယ် ပြန်လာခါနီး ကျတော့မှ အခန်းကို ပြန်ပြီး ရေချိုးလိုက်ရသည်။ ပုံမှန်ဆို လွှမ်းငယ်က အသန့်အပြန့် ကြိုက်တတ်သည့်သူ။
သို့ပေမဲ့ စမ်းရေအေး ချွေးတစိုစို ဖြစ်နေလည်း သူကတော့ ပွေ့ဖက်တတ်သည်သာ။ နံသည်လည်း မပြော၊ ရွံရှာသည်ဟုလည်း မဆို။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now