28_U

78.6K 7.8K 1K
                                    

“မနက်ဖြန် ဆေးရုံသွားရမယ်။ နား၊နှာခေါင်း၊လည်ချောင်း ဆရာဝန်ကြီးတွေနဲ့ ပြဖို့ ရက်ချိန်းလုပ်ထားတယ်။”

မနေ့ ကတည်းက လွှမ်းဧရိယာ ပြောထားခဲ့တာ ဖြစ်သည်။ ဆေးရုံပြရမည့်ရက် ရောက်လာတော့ နှစ်ယောက်သား မနက်ပိုင်းတည်းက ပြင်ဆင်နေကြရ၏။

“အပြင်သွားပါမယ်ဆို၊ ဒီပုံစံနဲ့ သွားမှာလား။”

စမ်းရေအေး ဝတ်ထားသည့် အပြင်အဆင်ကို လွှမ်းက ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ပြောနေသည်။

“ဒီပုံစံက ဘာဖြစ်နေလို့လဲ။”

တီးတိုးရေရွတ်ရင်း သူ့ကိုယ်သူ ပြန်ငုံ့ကြည့်မိသွားရသည်။ သူအရမ်းများ စုတ်ပြတ်နေလို့လား။ မီးခိုးရောင် style pants ဘောင်းဘီရှည်နဲ့ T_shirt လက်တို အနီလေးကို သူဝတ်ထားမိသည်။ ဒါက အဆင်မပြေ ဖြစ်နေလို့လား။

“မလိုက်ဘူးလေ။ ဘယ်လိုတွေတောင် တွဲစပ်ဝတ်ထားတာလဲ။ လူငယ်ဖြစ်ပြီး အမြင်ကို မရှိဘူး။”

ပြစ်တင်ပြောဆိုပြီးနောက် လက်တွေက စမ်းရေအေး အင်္ကျီခါး အနားစကို လှန်မလို့ လာလုပ်နေပြန်၏။

“ဟာ ဘာလုပ်တာလဲကွာ။”

“လဲလိုက် တခြားဟာနဲ့။”

“ဆေးရုံ သွားမှာပဲကို၊ ဖက်ရှင်ကျဖို့ လိုလို့လား။”

“ကျွန်တော်နဲ့ တွဲသွားရင် လိုတယ်။”

“ကိုယ်က အဲ့လောက်တောင် စုတ်ပြတ်နေတာပေါ့။ တွဲသွားတွဲလာ လုပ်ဖို့တောင် ရုပ်မထွက်တာ ထင်ပါရဲ့။”

အသံလေးက ညင်သာတိုးတိတ်နေပေမဲ့ လွှမ်းက သေချာကြီးကို ကြားလိုက်ရပါ၏။ စမ်းရေအေးကတော့ အဝတ်အစား သွားလဲရန် လှည့်ထွက်သွားရှာလေပြီ။ သူပြောလိုက်တာ အမှားပါသွားသည် ထင်၏။ ‌ယောက်ျားဖြစ်သူကို ပိုချော ပိုကြည့်‌ေကာင်းစေချင်သည့် သဘောနဲ့ ပြောလိုက်ပေမဲ့ စကားလုံးက အဆင်မပြေ ဖြစ်သွားသည် ထင်သည်။

“ကျွန်တော်ရှာပေးမယ်။”

ရှာပေးမယ် ဆိုပြီး ဗီရိုရှေ့မှာ ရပ်နေသည့် စမ်းရေအေး အနောက်မှာ ထပ်၍ ကပ်ရပ်လိုက်တော့သည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now