31_U

88.2K 7.7K 1.4K
                                    

အစ်မနှင်းဆီနဲ့ ဖုန်းပြောပြီးရုံပဲ ရှိသေးသည်။ ယမင်းက သူ့အခန်းရှေ့ ရောက်လာတော့သည်။

“ဘာကိစ္စရှိလို့လဲ ယမင်း။”

“ဧည့်ခန်းထဲမှာ မေမေကြီးတို့၊ ဒေါ်လေးတို့ စောင့်နေတယ်။ ပြောစရာရှိလို့ ခဏ လာပါဦးတဲ့။”

“ဘာများလဲ မသိဘူး။ ယမင်း ကြားခဲ့သေးလား။”

“သေချာတော့ မသိလာရဘူး။ ဒါမဲ့ အစ်ကိုလေးလွှမ်း နောက်ကို လွှတ်ထားတဲ့ လူက ဖုန်းဆက်လာတယ် ထင်တာပဲ။ ဘွားဘွားက အဲ့ဒါကို ပြောနေတာတော့ နည်းနည်း ကြားလိုက်မိ‌တယ်။”

“ဟုတ်လား။ အင်း .. အင်း။ ကျွန်တော်ပါ လိုက်ခဲ့မယ်။”

လွှမ်းငယ်ကို စောင့်ကြည့်ရန် လူလွှတ်မယ် ဆိုတာက ဒီအိမ်မှ လူတွေရဲ့ အပြောမဟုတ်။ လက်တွေ့ လုပ်ထားကြတာ ဖြစ်သည်။
တကယ်ကြီး လွှမ်းငယ် အနောက်ကို လိုက်နေသည့် လူက ရှိနေခဲ့ပါ၏။
ဧည့်ခန်းထဲ ရောက်တော့ ကြားလိုက်ရသည့် အကြောင်းအရာက သူခန့်မှန်းထားသည့် အတိုင်းပင်။

“လွှမ်းဧရိယာက ဝတ်မှုန်နွေးနဲ့ တွေ့နေတယ်တဲ့။ အခုပဲ သတင်းရောက်လာတယ်။ မင်းလိုက်သွားရမယ် စမ်းရေအေး။ မင်းဒေါ်လေးတို့ကိုပါ ခေါ်သွား။”

ညက အရှိန်တွေနဲ့ သူအိပ်ပျော်နေချိန်မှာ လွှမ်းငယ်က အပြင်ထွက်သွားခဲ့သည်။ အလုပ်ကိစ္စ အတွက် မဟုတ်ဘဲ Exနဲ့ သွားတွေ့ခြင်းတဲ့လား။

“ဘယ်သူမှ မလိုက်ခဲ့ကြပါနဲ့။ ကျွန်တော် တစ်ယောက်တည်းပဲ သွားပါ့မယ်။”

“ဟဲ့ ဖြစ်မလား နင့်တစ်ယောက်တည်းနဲ့။ ငါတို့ပါ လိုက်မယ်။”

ဒေါ်လေးရတနာကို သူ ခေါင်းသာ ခါပြလိုက်မိသည်။

“တစ်ဖက်မိန်းကလေးရဲ့ သိက္ခာကိုလည်း ငဲ့ရာရောက်အောင်၊ ဒီမိသားစုရဲ့ ဂုဏ်သိက္ခာလည်း မကျဆင်းအောင်၊ ကျွန်တော်တို့ အုပ်စုလိုက်ကြီး လိုက်သွားပြီး ပြဿနာရှာတာမျိုး မလုပ်ကြရအောင်လား။
တွေ့ကြ ဆံုကြပြီ ဆိုရင် လူများရင် စကားများလာနိုင်မယ်။ ပတ်ဝန်းကျင်ကလည်း သတိထားမိနိုင်မယ်။ ကျွန်တော် တစ်ယောက်တည်းပဲ သွားပြီးတော့ လွှမ်းငယ်ကို ရအောင် ပြန်ခေါ်လာခဲ့ပါ့မယ်။ စိတ်ချပါ။”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now