“နေ့လည်က ဟိုဘက်အိမ်ကို ရန်မိုးထွဋ်ဆိုတဲ့လူ ရောက်လာတယ်။ ဒေါ်ကလျာကလည်း ခြေသလုံး ဖက်ပြီးတော့ကို တောင်းပန်နေရတယ်တဲ့။
ကိုဖုန်းလေးက သူ့အစ်မကို ဒီဘက်အိမ် ပြေးလာပြီးတော့ကို လာခေါ်တာ။ ငါလည်း သူတို့ အိမ်တွင်းရေး ကိစ္စတွေ ဝင်ကို မပါချင်လို့ လိုက်မသွားဘူး။
တော်တော်ကြာတော့မှ ငါ့မိန်းမ ဒီဘက်အိမ်ကို ပြန်ရောက်လာတယ်လေ။ သူ့မောင် ကိုစမ်းရေအေး ရောက်လာတယ်တဲ့။ အကြွေးတွေ ဆပ်ပေးမယ်လို့လည်း ပြောသွားတယ်တဲ့ကွာ။
ဘယ်လို ဖြစ်တာလဲ။ မင်းသိပြီးသားလား။ ငါတော့ မထင်ပါဘူး။ မင်းဒီမိသားစုကို အကြွေးဆပ်ပေးလိမ့်မယ်လို့။”ဖြိုးကုဋေက လွှမ်းဆီ အကြောင်းစုံ ဖုန်းဆက်၍ လှမ်းပြောလာခဲ့သည်။
သူဒီလောက် သေချာ မှာထားရဲ့နဲ့ ရေအေးလေးက နားမထောင်ပါ။
မသွားနဲ့လို့ ပြောထားသည့် နေရာကိုလည်း ခိုးသွားသေးသည်။ အကြွေးပြန်ဆပ်မည့် ကျေးဇူးသိတတ်သူ သူရဲကောင်းကြီးလည်း လုပ်လာခဲ့သေးသည်။ စိတ်တိုတိုနဲ့ အိမ်ကို ချက်ချင်း ပြန်ရောက်လာခဲ့ရတော့သည်။“ဟိုတစ်ယောက် ဘယ်မှာလဲ။”
အိမ်အဝမှာ ကတည်းက တွေ့သည့် လူကို သူေမးလိုက်မိသည်။
“ဘယ်တစ်ယောက်လဲ အစ်ကိုလေး။”
“ဘယ်တစ်ယောက်ကမှာလဲ မစုစံရဲ့၊ ကျွန်တော့်ယောက်ျား ကိုစမ်းရေအေးကို မေးနေတာလေ။ သူဘယ်မှာလဲ။”
“ဪ အစ်ကိုလေး ရေအေးလား။ မေမေကြီး အခန်းထဲမှာလေ။”
“ဘွားဘွား အခန်းထဲကို သူက ဘာသွားလုပ်တာလဲ။”
“မသိဘူးလေ။ အပြင်က ပြန်လာတည်းက မစုစံကို မေမေကြီး ဘယ်မှာလဲ မေးပြီးတော့ အဲဒီအခန်းထဲကို တန်းဝင်သွားတော့တာပဲ။”
လွှမ်းဧရိယာရဲ့ ခြေလှမ်းတွေက အပေါ်ထပ်မှ အဘွားဖြစ်သူ အခန်းဆီသို့။ ပုံမှန်ဆို အခန်းတံခါး ခေါက်ရမှာ ဖြစ်သည်။ အခုချိန်မှာ လွှမ်းဧရိယာ စိတ်တိုနေမိသည်မို့ အခန်းရှေ့ရောက်သည်နှင့် တံခါးကို တန်းဖွင့်လိုက်မိတော့သည်။
“ကျွန်တော် လွှမ်းငယ်ကို ကွာရှင်းပေးပါ့မယ်။ ကျွန်တော့်ကို အဲဒီပိုက်ဆံတွေ ပေးပါ ဘွားဘွား။”
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ